30 C
Yangon

ဆားလင်းကြီးရှိ ကျေးရွာများကို စစ်တပ်က စက်တပ်လေထီးများဖြင့် ဆက်တိုက် ဗုံးကျဲတိုက်ခိုက်၊ ဖာပွန်တွင်လည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဆေးပေးခန်း အဆောက်အဦးများ ပျက်စီး

Must read

ရန်ကုန်၊ ဧပြီ ၁၄

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၄ ရက်နေ့ ညနေ ၆ နာရီခန့်တွင် မုံရွာမြို့ရှိ အကြမ်းဖက် စစ်တပ်၏ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှ တက်လာသော စက်တပ်လေထီး ၂ စီးသည် ဆားလင်းကြီးမြို့နယ် တောင်ခြမ်းရှိ ကျေးရွာများကို လေကြောင်း တိုက်ခိုက်မှုပြုလုပ်သွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်းပြည်သူများ ထိခိုက်မှုရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ စက်တပ်လေထီးများ ဆက်လက် ပျံဝဲနေဆဲဖြစ်သောကြောင့် ပြည်သူများ တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ဆားလင်းကြီး တောင်ခြမ်းဘက်က ရွာတွေကို ကျဲတာလို့ပဲသိရတယ်။ နေရာကိုတော့ အတည်မပြုနိုင်သေးဘူး။ ဒီနေ့ နမခ က တက်တဲ့ စက်တပ်လေထီးတွေ Gyrocopter တွေက တော်တော်များတယ်။ ဆက်တိုက် ပျံဝဲနေတာဆိုတော့ ပြည်သူတွေလည်း ကြောက်လန့်ပြီး တိမ်းရှောင်နေရတာတွေရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဆေးပေးခန်း အဆောက်အဦးများ ပျက်စီးခဲ့ကြောင်း Karen Peace Support Network က ထုတ်ပြန်ထားသည်။

ဧပြီလ ၁၁ ရက်နေ့တွင် ဘူးသိုမြို့နယ်၊ အော်မီထာကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ် ၁ စီးဖြင့် ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့သောကြောင့် ဆေးပေးခန်း အဆောက်အဦး ၂ လုံး ပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article