ရန်ကုန်၊ ဧပြီ ၁၅
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အခြေစိုက် လက်ပံတောင်းတောင် ပင်မသပိတ်အဖွဲ့မှ Blue Shirt Campaign တွင်ပါဝင်ပြီး လူထုခေါင်းဆောင်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်တို့အပါအဝင် အဓမ္မ ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသား အားလုံး အမြန်ဆုံး လွှတ်ပေးရေး တောင်းဆိုခဲ့ကြောင်း သိရသည်။
အာဏာရှင်စနစ်အောက်ရှိ “အကျဉ်းထောင်” များထဲမှ နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိ ပြန် လည် လွတ်မြောက်ရန် လှုပ်ရှားတောင်းဆိုခြင်းသည် “အကျယ်ထောင်” ကျခံနေရသော မြန်မာပြည် သူများက လုပ်ဆောင်ရမည့်တာဝန်တစ်ရပ်ဖြစ်ကြောင်း အသိပေးထားသည်။






