30 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင်က အကျဉ်းသားအကျဉ်း ၄၃၃၅ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေး

Must read

ရန်ကုန်၊ ဧပြီ ၁၇

၂၀၂၆ ခုနှစ်၊ မြန်မာနှစ်သစ်ကူး အခါသမယ အထိမ်းအမှတ်အဖြစ် အကြမ်းဖက် မင်းအောင်လှိုင်က ၎င်းကိုယ်ကိုယ် “နိုင်ငံတော်သမ္မတ” အဖြစ် သုံးနှုန်းပြီး အကျဉ်းသား ၄,၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ် ငြိမ်းခွင့်ပေးကြောင်း ယနေ့ ဧပြီလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

အကြမ်းဖက် မင်းအောင်လှိုင်က ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ အကျဉ်းသား/သူ စုစုပေါင်း ၄,၃၃၅ ဦး ကို လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး အဆိုပါလွတ်ငြိမ်းခွင့်တွင် “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယခုလွတ်ငြိမ်းခွင့်ပေးခဲ့သည့် ပြစ်ဒဏ်များကိုပါ ပေါင်းစပ်ကျခံရမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် လွှတ်ပေးခြင်းဖြစ်သည်။

ယင်းအပြင် လက်ရှိ အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသေးသည့် အကျဉ်းသားများအတွက် ပြစ်ဒဏ်များကို လျှော့ပေါ့ပေးခဲ့ပြီး သေဒဏ်ပြစ်ဒဏ်ကျခံရသူများကို ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲခြင်း၊ထောင်ဒဏ်တစ်သက်ကျခံနေရသူများကို ထောင်ဒဏ် နှစ် ၄၀ သို့ လျှော့ပေါ့ခြင်း၊ ထောင်ဒဏ် နှစ် ၄၀ အထက် – ထောင်ဒဏ် နှစ် ၄၀ သို့ လျှော့ပေါ့ခြင်း၊ ထောင်ဒဏ် နှစ် ၄၀ နှင့် အောက် – ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်ကာလ၏ ၆ ပုံ ၁ ပုံ ကို လျှော့ပေါ့ခြင်းများ ပါဝင်သည်။

ထို့အပြင် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှု၍ဟုဆိုကာ နိုင်ငံခြားသား အကျဉ်းသား/သူ ၁၇၉ ဦး ကို ကျန်ရှိသော ပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း သိရသည်။

အကြမ်းဖက် မင်းအောင်လှိုင်၏ လွတ်ငြိမ်းသက်သာခွင့်မှာ နှစ်စဉ် နှစ်သစ်ကူးကာလတွင် ပြုလုပ်လေ့ရှိသော ပုံစံမျိုးဖြစ်သော်လည်း ယခုလွှတ်ပေးသည့်ထဲတွင် နိုင်ငံရေးအကျဉ်းသား မည်မျှပါဝင်သည်ကို မသိရှိရသေးပေ။

ဓာတ်ပုံ- Reuters။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article