30 C
Yangon

စစ်တပ်ကို ဆန့်ကျင်နေသော လက်နက်ကိုင်အဖွဲ့အစည်းအားလုံး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရန် အကြမ်းဖက် မင်းအောင်လှိုင်ပြောပြန်

Must read

စစ်တပ်ကို ဆန့်ကျင်နေသော လက်နက်ကိုင်အဖွဲ့အစည်းအားလုံး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရန် အကြမ်းဖက် မင်းအောင်လှိုင်ပြောပြန်

ရန်ကုန်၊ ဧပြီ ၁၇

စစ်တပ်ကို ဆန့်ကျင်နေသော လက်နက်ကိုင်အဖွဲ့အစည်းအားလုံး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရန် အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသည်။

ယနေ့ မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကူးနှုတ်ခွန်းဆက် စကားတွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင် လှိုင်က စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရန် တိုက်တွန်း ပြောဆိုလာခြင်းဖြစ်သည်။

မင်းအောင်လှိုင်က ၎င်းတို့ကျင်းပခဲ့သည့် အတုအယောင် ရွေးကောက်ပွဲများအပြီးတွင် အစိုးရသစ်နှင့် လွှတ်တော်များ ပြန်လည်အသက်ဝင်လာပြီဟု ဆိုကာ “နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အကြမ်း ဖက်လက်နက်ကိုင်အဖွဲ့အစည်းအားလုံး လက် နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးလမ်းကြောင်းကတစ်ဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်သွားကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်” ဟု ပြောကြားသည်။

ယင်းအပြင် ပြီးခဲ့သည့်ကာလအတွင်း ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲများသည် တရားမျှတမှုရှိပြီး ဂုဏ် သိက္ခာရှိရှိ ကျင်းပနိုင်ခဲ့သည်ဟု ဆိုကာ၊ ယခုအခါ ပြည်သူများလိုလားသည့် အစိုးရသစ် ပေါ်ပေါက်လာပြီဖြစ်ကြောင်းနှင့် စာမျက်နှာသစ် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ထည့်သွင်းပြောဆိုသွားသည်။

သို့သော်လည်း နိုင်ငံတကာနှင့် ပြည်တွင်းအတိုက်အခံများကမူ ၎င်းတို့ကျင်းပသည့် ရွေးကောက်ပွဲများသည် အတုအယောင်များသာဖြစ်ပြီး တရားဝင်မှုမရှိကြောင်း ဝေဖန်လျက်ရှိသည်။

နိုင်ငံ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် NCA စာချုပ်ပါ အချက်များအတိုင်း ဆောင် ရွက်နေသည်ဟု ဆိုသော်လည်း၊ လက်ရှိတွင် နိုင်ငံအနှံ့အပြား၌ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။

မင်းအောင်လှိုင်က ငြိမ်းချမ်းရေးတံခါးကို ထာဝရဖွင့်ထားသည်ဟု ပြောဆိုသော်လည်း တစ်ဖက်တွင်မူ “ဒို့တာဝန်အရေးသုံးပါး” ကို အမျိုးသားရေးတာဝန်အဖြစ် ဆက်လက်ကာကွယ်သွားမည်ဟု ဆိုကာ စစ်ရေးအရ ဆက်လက်ဖိနှိပ်မှုများနှင့် တစ်နိုင်ငံလုံး လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင် နေဆဲဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင်၏ ယခုပြောကြားချက်သည် နိုင်ငံတကာ၏ တရားဝင်မှုရရှိရန် ကြိုးပမ်းမှုနှင့် လက်နက်ကိုင်တော် လှန်ရေး အင်အားစုများကို အဟန့်အတားဖြစ်စေရန် ရည်ရွယ်သည့် ဟန်ပြတိုက်တွန်းချက်တစ်ခုသာ ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်လျက်ရှိသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article