38 C
Yangon

စစ်တပ်၏ လွတ်ငြိမ်းခွင့်တွင် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများ လွတ်မြောက်မှု အလွန် နည်းပါးနေ

Must read

ရန်ကုန်၊ ဧပြီ ၁၇

မင်းအောင်လှိုင်ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသားပါဝင်မှု အတော်နည်း နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ယက် -PPNM မှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

လတ်တလော နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် NLD ပါတီဝင်တချို့ လွတ်မြောက်လာသော်လည်း တော်လှန်ရေးနှင့်ဆက်နွယ်နေသော နိုင်ငံရေးအကျဉ်းသားပါဝင်မှု အလွန်နည်းပါးကြောင်း သိရှိရသည်။

၂၀၂၆ ခုနှစ်၊ မြန်မာနှစ်သစ်ကူး အခါသမယ အထိမ်းအမှတ်အဖြစ် အကြမ်းဖက် မင်းအောင်လှိုင်က ၎င်းကိုယ်ကိုယ် “နိုင်ငံတော်သမ္မတ” အဖြစ် သုံးနှုန်းပြီး အကျဉ်းသား ၄,၃၃၅ ဦး ကို လွှတ်ပေးခဲ့သော် လည်း မှတ်တမ်းရုပ်ရှင်ဖန်တီးသူ မရှင်ဒေဝီ၊ ပုသိမ်အကျဉ်းထောင်မှ ဒေါက်တာတင်မင်းထွဋ် ၊ ကိုဇော်မိုးထိုက်၊ ဦးသိန်းလွင်၊ ဦးဝင်းကျော်နှင့် ကိုဝင်းမင်းထွန်း (ကိုချက်ဖောင်းညီ) တို့သာ လွတ် မြောက်လာသည်ဟု သတင်းရရှိထားပြီး နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှု အလွန်နည်းပါး နေ ကြောင်း သိရသည်။

“နိုင်ငံရေးအကျဉ်းသားလွတ်တာက တော်တော်နည်းနေသေးတယ်၊ အထူးသဖြင့် မြိတ်ထောင်တို့ ၊ ပြည်ထောင်တို့မှာ နိုင်ငံရေးအကျဉ်းသား မပါတာတွေ တွေ့ရတယ်။ တချို့ထောင်တွေမှာ နိုင်ငံရေး အကျဉ်းသားတစ်ယောက်စ နှစ်ယောက်စပါတာတွေ တွေ့ရတယ်။ ကျနော်တို့ ရန်ကုန်၊ မန္တလေး ဒေသက ဗဟိုထောင်တွေ၊ ပဲခူးထဲက သာယာဝတီထောင်တွေကို ဆက်စောင့်ကြည့်နေဆဲဖြစ်ပါ တယ်။” ဟု PPNM မှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ အကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ၂၃ ဦး လွတ်မြောက်လာသော်လည်း အများစုမှာမူ ဆက်လက် ချုပ်နှောင်ခံထားရဆဲဖြစ်ကြောင်း ကလေးမြို့သပိတ်အင်အားစုထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article