38 C
Yangon

တိုင်းပြည်နှင့်လူမျိုးအတွက် ဆက်လက်ဆောင်ရွက်ရန် အင်အားအပြည့်ရှိနေဟု နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် ပြောဆို

Must read

ရန်ကုန်၊ ဧပြီ ၁၇

အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးမှုမှ ပြန်လည်လွတ်မြောက်လာသော နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်က တိုင်းပြည်နှင့်လူမျိုးအတွက် ဆက်လက်ဆောင်ရွက်ရန် အင်အားအပြည့်ရှိနေသည်ဟု ထုတ်ဖော်ပြောဆိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာသော နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ကို NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်နှင့်မိတ်ဆွေများက သွားရောက် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း၊ ယင်းသို့ နှုတ်ဆက်စဉ် သမ္မတဦးဝင်းမြင့်က ၎င်းအနေဖြင့် မည်သည့် ဥပဒေမဲ့ လုပ်ရပ်မှ ကျူးလွန်ခဲ့ခြင်းမရှိကြောင်း၊ တိုင်းပြည်နှင့်လူမျိုးအတွက် ဆက်လက် ဆောင်ရွက်ရန် အင်အားအပြည့်ရှိသည်ဟု ထုတ်ဖော်ပြောဆိုကြောင်း ဒေါက်တာမျိုးညွှန့်က ရှင်းပြသည်။

“သမ္မတကြီးကတော့ ထုံးစံအတိုင်း ဘယ်သောအခါမှ ဥပဒေမဲ့ လုပ်ခြင်း၊ ကျူးလွန်ခြင်းမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ တိုင်းပြည်နဲ့ လူမျိုးအတွက် ဆက်လက်ဆောင်ရွက်ဖို့ အင်အားအပြည့်ရှိနေပါတယ်ဆိုတာ ပြောနိုင်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ရှင်းပြသည်။

လတ်တလော ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ အမျိုးမျိုးသော သတင်းများထွက်နေသော် လည်း မည်သည့်သတင်းကိုမှ အတည်ပြု၍ မရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို မည်သည့်နေရာတွင် ထားရှိသည်ကိုပင် မသိရှိကြောင်း ဒေါက်တာမျိုးညွှန့်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article