34 C
Yangon

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ နေပြည်တော်အိမ်ရှေ့တွင် စစ်တပ်က လုံခြုံ ရေးများ ပြန်လည်ချထားလိုက်ပြီး သမ္မတကြီးနှင့်တွေ့ဆုံခဲ့သူများကို စစ်တပ်က ခေါ်ယူ မေးမြန်းမှုများလုပ်နေ

Must read

🟥 သမ္မတဦးဝင်းမြင့်ကို လုံခြုံရေးများစွာဖြင့် စောင့်ကြည့်မှု နေအိမ်အကျယ် ချုပ်ပုံစံ ပြန်ဖြစ်နေပြီဟုဆို

ရန်ကုန်၊ ဧပြီ ၂၀

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ နေပြည်တော်အိမ်ရှေ့တွင် စစ်တပ်က လုံခြုံ ရေးများ ပြန်လည်ချထားလိုက်ပြီး သမ္မတကြီးနှင့်တွေ့ဆုံခဲ့သူများကို စစ်တပ်က လိုက်လံမေးမြန်းမှုများလုပ်နေကြောင်း NLD အသိုင်းအ၀ိုင်းထံမှ စုံစမ်းသိရှိရသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ပတ်သက်၍ အင်တာဗျူးဖြေဆိုခဲ့သည့် NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက် တာ မျိုးညွန့်ကို စစ်တပ်က ခေါ်ယူမေးမြန်းမှုများရှိနေသည်ဆိုသော သတင်းများ ထွက်ပေါ်နေပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနက ယင်းသတင်းနှင့်ပတ်သက်၍ ဒေါက်တာမျိုးညွန့်ကို ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေဆိုခြင်းမပြုပေ။

ဧပြီလ ၁၇ ရက်နေ့ အကြမ်းဖက်စစ်တပ်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန် လည် လွတ်မြောက်လာသော နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နှင့်ပတ်သက်၍ အင်တာ ဗျူးများကို NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက် တာမျိုးညွန့်က အဓိက ဖြေဆိုခဲ့ခြင်းဖြစ်သည်။

“ဒေါက်တာမျိုးညွန့်ကို စစ်တပ်က ခေါ်မေးတယ်လို့ သိရတယ်။ ကာယကံရှင် (ဒေါက်တာမျိုးညွန့်) ဘက်ကတော့ အဲဒါကို ထုတ်ပြောတာမရှိဘူး။ ကြည့်ရတာ သမ္မတကြီး လို့​ သုံးနှုန်း ခေါ်ဝေါ်တာကို မကြိုက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါကလည်း ကာယကံရှင် ကိုယ်တိုင်ကလည်း ပြည်တွင်းမှာ နေနေရတော့ လုံခြုံရေးအရ ထုတ်ပြောဖို့ခက်တာမျိုးလည်းဖြစ်နိုင်တယ်။ သူတို့မှာ တကယ့်ကို စောင့်ကြည့်မှုတွေကြားထဲမှာ နေရတာမျိုးဖြစ်တာဆိုတော့လေ” ဟု NLD ပါတီအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယင်းအပြင် စစ်တပ်က နေပြည်တော် ဥတ္တသီရိမြို့နယ်တွင် နေထိုင်သော နိုင်ငံ တော်သမ္မတ ဦးဝင်းမြင့် အိမ်ရှေ့တွင် လုံခြုံရေးများ ပတ်ပတ်လည် ချထားလိုက် သဖြင့် သမ္မတကြီး ဦးဝင်းမြင့်ကို သွားရောက်တွေ့ဆုံရန် မလွယ်ကူတော့ဘဲ စစ်တပ်ဂိတ်များကို ဖြတ်သန်းရမည့် အခြေအနေဖြစ်နေကြောင်း၊ စစ်တပ်က ခွင့်မပြုလျှင် သွားခွင့်မရှိသည့်အခြေအနေ ဖြစ်လာကြောင်း သိရှိရသည်။

“သမ္မတကြီး ဦးဝင်းမြင့်အိမ်ဘက်ကို ဘယ်သူ့ကိုမှ အဝင်မခံတော့ဘူးလို့ သိရတယ်။ ကြိုတင် အ ကြောင်း မကြားဘဲ သူတို့ခွင့်ပြုချက်မရှိဘဲ အဝင်အထွက် လုပ်ခွင့်မပေးတဲ့ အခြေအနေမျိုးလို့ ပြောလို့ရတယ်။ အမြဲစောင့်ကြည့် နေတာမျိုးဖြစ်သွားပြီ” ဟု NLD အသိုင်းအ၀ိုင်းက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ယင်းကဲ့သို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို လုံခြုံရေးများဖြင့် ပြန်လည် တင်း ကျပ်စွာ စောင့်ကြည့်လာခြင်းမှာ နေအိမ်အကျယ်ချုပ်သဘောမျိုးလားဟု မေးခွန်းထုတ်ရဖွယ်ရှိနေ သည်ဟု NLD အသိုင်းအ၀ိုင်းက သုံးသပ်ဝေဖန်ပြောဆိုသည်။

ဓာတ်ပုံ- NLD အစိုးရလက်ထက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ပြည်ပခရီး စဉ်ကို မင်းအောင်လှိုင်က လိုက်ပါ နှုတ်ဆက်ခဲ့ရစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article