28 C
Yangon

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို သမ္မတဟောင်း ဦးထင်ကျော်နှင့်NLD ထိပ်ပိုင်းတချို့ သွားရောက် တွေ့ဆုံပြီးနောက် စစ်တပ်က မေးမြန်းစစ်ဆေးမှုများနှင့် လုံခြုံရေးချ တားဆီးအရေးယူမှုများ ဆက်တိုက်လုပ်ဆောင်လာ

Must read

ရန်ကုန်၊ ဧပြီ ၂၀

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား သမ္မတဟောင်း ဦးထင်ကျော်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထိပ်ပိုင်းဝင်အချို့ သွားရောက်တွေ့ဆုံခဲ့ပြီးနောက် စစ်တပ်ဘက်မှ မေးမြန်းစစ်ဆေးမှုများနှင့် လုံခြုံရေးတင်းကြပ်မှုများ ပြုလုပ်လာကြောင်း ရန်ကုန်ခေတ်သစ်၏သတင်းရင်းမြစ်များက ပြောသည်။

NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) အဖွဲ့ဝင်ဖြစ်ပြီး ပြောရေး ဆိုခွင့်ရှိသူလည်းဖြစ်သော ဒေါက်တာ မျိုးညွန့်ကို ဧပြီ ၁၈ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ခေါ်ယူမေးမြန်းစစ်ဆေးခဲ့ပြီး ဧပြီ ၁၉ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ယင်းမေးမြန်းစစ်ဆေးမှုများသည် သမ္မတ ဦးဝင်းမြင့်၏ လွတ်မြောက်မှုနှင့်ပတ်သက်၍ ပြည်တွင်းမီဒီယာများအား အင်တာဗျူးပေးခဲ့ခြင်းနှင့် ဆက်စပ်နိုင်ကြောင်းလည်း သတင်းရင်းမြစ်များက ဆိုသည်။

ထို့အပြင် ဒေါက်တာ မျိုးညွန့်နှင့် NLD CEC အဖွဲ့ဝင်အချို့သည် သမ္မတဟောင်း ဦးထင်ကျော်နှင့်အတူ သမ္မတ ဦးဝင်းမြင့်၏ နေအိမ်သို့ သွားရောက်တွေ့ဆုံခဲ့ခြင်းလည်း ပါဝင်နိုင်ကြောင်း သိရှိရသည်။

လက်ရှိတွင် ဦးဝင်းမြင့်၏ နေအိမ်အပါအဝင် NLD ထိပ်ပိုင်းခေါင်းဆောင်အချို့၏ နေအိမ်များတွင် လုံခြုံရေးစောင့်ကြည့်မှုများ တင်းကြပ်စွာ ပြုလုပ်ထားပြီး၊ သွားရောက်တွေ့ဆုံမည့်သူများအား ကြိုတင်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထိုစစ်ဆေးမှုများတွင် မှတ်ပုံတင်ကတ် စစ်ဆေးခြင်းနှင့်အတူ PSMS (Passenger Screening / Security Management System) နည်းပညာကိုပါ အသုံးပြုနေကြောင်း သတင်းရင်းမြစ်များက ပြောသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article