34 C
Yangon

ဟုမ္မလင်းမြို့ နောင်ပကျစ်ဆိပ်ကမ်းတွင် ဆီတင်မော်တော်များ မီးလောင်မှု လူ ၂ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရကာ မော်တော် ၂၂ စီးနှင့် ကုန်ကား ၂ စီး မီးလောင်ပျက်စီး

Must read

ရန်ကုန်၊ ဧပြီ ၂၁

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ နောင်ပကျစ်ဆိပ်ကမ်းတွင် ဆီတင်မော်တော်များ မီးလောင်မှုကြောင့် လူ ၂ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရကာ မော်တော် ၂၂ စီးနှင့် ကုန်ကား ၂ စီး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၂၀ ရက်နေ့ ညနေ ၆ နာရီကျော်ခန့်တွင် ဟုမ္မလင်းမြို့ နောင်ပကျစ် ရပ်ကွက်ရှိ ဆိပ်ကမ်းတွင် ဆီတင်မော်တော်များက ကုန်ကားများပေါ်သို့ ဆီရိုက်တင်နေစဉ် အပူလွန်ကဲပြီး ပေါက်ကွဲမှုဖြစ်ပွားရာမှ မီးစတင် လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မော်တော် ၂၂ စီးနှင့် ကုန်ကား ၂ စီးကို မီးကူးဆက်လောင်ကျွမ်းခဲ့ပြီး လူ ၂ ဦး သေဆုံးကာ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဆီတင်မော်တော်များ မီးလောင်နေစဉ်တွင်လည်း ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်ခဲ့ကြောင်း သိရှိရသည်။

“မနေ့က မီးလောင်မှုက လူ ၂ ဦးသေဆုံးပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်။ မော်တော်ပေါ်ကနေ ကုန်ကားပေါ်ကို ဆီရိုက်တင်နေတဲ့ အချိန် အပူလွန်ကဲပြီး ပေါက်ကွဲမှုဖြစ်ရာကနေ မီးစလောင်တာလို့တော့ သိရတယ်။ နောက်ပြီး မော်တော် ၂၂ စီးနဲ့ ကုန်ကား ၂ စီး လည်း မီးလောင်ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article