28 C
Yangon

မင်းအောင်လှိုင်က နိုင်ငံအကြီးအကဲ- Head of State အမည်ဖြင့် Facebook စာမျက်နှာအသစ် ဖွင့်လှစ်လိုက်သော်လည်း နာရီပိုင်းပင်မခံဘဲ Page အဖျက်ခံလိုက်ရ

Must read

ရန်ကုန်၊ ဧပြီ ၂၁

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံအကြီးအကဲ ဟု အမည်ရသည့် Head of State အမည်ဖြင့် Facebook စာမျက်နှာဖွင့်လှစ်လိုက်သော်လည်း နာရီပိုင်းပင်မခံဘဲ Page အဖျက်ခံလိုက်ရကြောင်း သိရှိရသည်။

ယနေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် အကြမ်းဖက် မင်းအောင်လှိုင်၏ သတင်းများနှင့် ဓာတ်ပုံများ၊ ကြေညာချက်များကို ထုတ်ပြန်ရန်အတွက် Head of State အမည်ဖြင့် ဖေ့ဘုတ်စ်တွင် https://www.facebook.com/profile.php?id=61566096501996 စတင်ဖွင့်လှစ်ခဲ့ပြီး မင်းအောင်လှိုင်၏ ယမန်နေ့ နေပြည်တော်အစည်းအဝေးမှတ်တမ်းများ၊ ရက် ၁၀၀ ရည်မှန်းချက်များကို သတင်းပို့စ် ၄ ခု တင်ခဲ့ကြောင်း၊ ယင်းနောက် ယနေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ် ဝန်းကျင်တွင် မင်းအောင်လှိုင်၏ Page မှာ ဖျက်ချခံလိုက်ရကြောင်း သိရှိရသည်။

စစ်လော်ဘီများကမူ မင်းအောင်လှိုင်၏ တရားဝင် Facebook စာမျက်နှာကို စတင်မိတ်ဆက်လိုက်ပြီဖြစ်၍ ပြည်သူများ အနေဖြင့် ထုတ်ပြန်သည့် တရားဝင်ကြေညာချက်များ၊ နိုင်ငံတော်ဆိုင်ရာ နောက်ဆုံးရသတင်းများ၊ ပြည်သူလူထုနှင့် တွေ့ဆုံဆောင်ရွက်မှုများနှင့် အရေးကြီးသော ထုတ်ပြန်ချက်များကို တိုက်ရိုက်မျှဝေသွားမည်ဖြစ်၍ Follow ထားရန် သတင်းထုတ်ပြန်ချိန်မှာပင် Page မှာ ဖျက်ချခံလိုက်ရခြင်းဖြစ်သည်။

မင်းအောင်လှိုင်၏ ဖေ့ဘုတ်စ်စာမျက်နှာတွင် ပြည်သူများအား သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိစေရန်၊ ပွင့်လင်းမြင်သာမှုကို မြှင့်တင်ရန်နှင့် အစိုးရနှင့် ပြည်သူအကြား ဆက်သွယ်ရေးကို ပိုမိုခိုင်မာအားကောင်းစေရန်ဖြစ်ကြောင်း ရည်ရွယ်သည်ဟု ဝါဒဖြန့်ထားသော်လည်း နောက်ဆုံးတွင် Page မှာ နာရီပိုင်းအတွင်း ဖျက်ချခံလိုက်ရခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်၊ ဩဂုတ်လအတွင်းတွင်လည်း ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုအပါအဝင် စစ်ရာဇဝတ်မှုများ စွာ ကျူးလွန်ထားသော မင်းအောင်လှိုင်၏ Facebook စာမျက်နှာ အပါအဝင် စစ်တပ် သတင်းပြန်ကြားရေး Facebook စာမျက်နှာ အားလုံးနီးပါးကို ဖေ့ဘုတ်စ်က ဖယ်ရှားပိတ်သိမ်းခဲ့ဖူးသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article