29.4 C
Yangon

စလင်းတွင် စစ်တပ်က ပြည်သူ ၃ ဦးကို မီးရှို့ပစ်သတ်ဖြတ်ပြီး ရွာ ၄ ခုကိုမီးရှို့ဖျက်ဆီး၊ မောတောင်မြို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ မေ ၃

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၃ ဦးကို မီးရှို့ပစ်သတ်ပြီး ရွာ ၄ ခုကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။

မေလ ၁ ရက်နေ့တွင် စလင်းမြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်၏ တပ်မ ၁၀၁ လက်အောက်ခံ ၂၅၃ ၊ ၂၅၄ နှင့် ၂၅၅ တပ်ရင်းများမှ စစ်သားများက တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကြောင်းထိုး ဝင်ရောက်ကာ ထနောင်းကုန်းကျေးရွာ၊ ကံစွယ်ရွာ၊ သနပ်ကုန်းရွာ နှင့် ကြူဝန်းရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုစစ်ကြောင်းသည် ပြည်သူ ၁ ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး အဖွားအို ၂ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း၊ စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် ထနောင်းကုန်းကျေးရွာသည် ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျခဲ့ပြီး ကြူဝန်းရွာမှ နေအိမ် ၃ လုံးနှင့် သနပ်ကုန်းကျေးရွာရှိ ဆက်သွယ်ရေးတာဝါတိုင် မြောက်ဘက်ရှိ နေအိမ်များလည်း ပြာကျခဲ့ကြောင်း၊ ထို့ပြင် ပြည်သူများ မွေးမြူထားသော ကျွဲ၊ နွားနှင့် ဝက်များလည်း မီးလောင်သေဆုံးခဲ့ကြောင်း သိရှိရသည်။

အလားတူ တနင်္သာရီမြို့နယ် ၊ မောတောင်မြို့ကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေး ၁ ဦး အပါအဝင် အရပ်သားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ် ခရိုင်က ထုတ်ပြန်ထားသည်။

မေလ ၂ ရက်နေ့ မွန်းလွဲ နာရီခန့်တွင် တနင်္သာရီမြို့နယ်၊ မောတောင်မြို့အတွင်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ် လေကြောင်း တိုက်ခိုက်မှု ၂ လသားအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က နိုင်ငံတကာတွင် တရားဝင်မှုရရှိရန် အတုအယောင်ရွေးကောက်ပွဲကို ဆောင်ရွက်ခဲ့ပြီး အတုအယောင်အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ရေးကြိုးပမ်းနေသော်လည်း ပကိတိမြေပြင်တွင်မှု အရပ်သားပြည်သူလူထုများအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ နှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကို ကျူးလွန်လျက်ရှိပြီး စစ်ရာဇဝတ်မှုများအား ပြောင်ပြောင်တင်းတင်းချိုးဖောက်လျက်ရှိကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြသခြင်းထက်ပိုသော လက်တွေ့ကျသည့် အရေးယူဆောင်ရွက်မှုများကို ချက်ချင်း အကောင်အထည်ဖော်ဆောင်ရွက်ကာ ယခုဆက်လက်ဖြစ်ပွားနေသော လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်စေရန် ထိရောက်သည့် တာဆီးကာကွယ်မှုများကို လုပ်ဆောင်ရန်နှင့် ထင်ရှားသော ဥပဒချိုးဖောက်မှုများကို မတားဆီးဘဲ ဆက်လက်၍ နှုတ်ဆက်နေခြင်းသည် အကြမ်းဖက်မှုများ ပြောင်ပြောင်တင်းတင်း ပိုမိုကျူးလွန်လာစေရန်အတွက် အားပေးကူညီရာရောက်ကြောင်း KNU က ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article