33.5 C
Yangon

မြင်းခြံတွင် စစ်တပ် စစ်ကြောင်းက မရိုးကုန်းရွာကို မီးရှို့ပြီး ဒရုန်းများဖြင့် စစ်ရှောင်ပြည်သူများကို လိုက်လံ ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ မေ ၅

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က မရိုးကုန်းရွာကို မီးရှို့ပြီး ဒရုန်းများဖြင့် စစ်ရှောင်ပြည်သူများကို ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၄ ရက်နေ့တွင် မြင်းခြံ-ဆီမီးခုံ လမ်းပိုင်းကို စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်သည် မရိုးကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ပျက်စီးသွားသော နေအိမ် အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

ထိုစစ်ကြောင်းသည် ယနေ့ မေလ ၅ ရက်နေ့တွင် ရွာရှည်ရွာကို ထပ်မံ ရောက်ရှိလာပြီး စစ်ဘေးရှောင်ပြည်သူများကို ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး ထိခိုက်မှု ရှိ၊ မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“မြင်းခြံ-ဆီမီးခုံ လမ်းပိုင်းကို စစ်ခွေးတွေက စစ်ကြောင်းထိုးနေတာ ပြည်သူတွေလည်း ဘေးလွတ်ရာကို ရှောင်နေတယ်။ မနေ့က တော့ စစ်ခွေးတွေက မရိုးကုန်းရွာကို မီးရှို့တယ်လို့ သိရတယ်။ နေအိမ်ပျက်စီးမှုကတော့ မသိသေးဘူး။ ဒီနေ့ ခွေးစစ်ကြောင်းက ရွာရှည်ရွာဘက်ကို ထပ်ရောက်လာပြီး စစ်ရှောင်တွေကို ဒရုန်းတွေနဲ့ လိုက်လံ ဗုံးကျဲ တိုက်ခိုက်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မေလ ၁ ရက်နေ့ကလည်း မြင်းခြံမြို့နယ်၊ ဆင်ချောင်းရွာကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူများကို ဖမ်းဆီးကာ ကျေးရွာအတွင်းရှိ နေအိမ်များမှ ပစ္စည်းများကို စိတ်ကြိုက်ခိုးယူပြီး ထော်လာဂျီနှင့် ဖောကားများပေါ်တွင် တင်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ယင်းနေ့ ညနေ ၆ နာရီခန့်မှ စတင်၍ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာအတွင်းရှိ နေအိမ်များကို စတင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၅၆ လုံး အပါအဝင် မင်္ဂလာဆောင်ပါ မီးလောင်ပြာကျခဲ့ပြီး မင်္ဂလာဆောင်တွင် ကျွေးမွေးရန် ချက်ထားသော ဝက်သားအချိန် ၁၀၀ ကျော်ကိုလည်း စားသောက်သွားကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ခုကို အကြမ်းဖက် စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article