29.9 C
Yangon

ဖလမ်းမြို့သို့ တက်လာသည့် စစ်ယာဉ်တန်းနှင့် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်မှ ဗိုလ်ကြီး တစ်ဦးအပါအဝင် ၂၀ ဦးကျော် သေဆုံးပြီး လက်နက် ၇ လက်သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ မေ ၇

ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ တက်လာသည့် စစ်ယာဉ်တန်းနှင့်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၀ ဦးကျော် သေဆုံးပြီး လက်နက် ၇ လက်သိမ်းဆည်းရရှိခဲ့ကြောင်း CDF CDM Siyin အဖွဲ့ထံမှ သိရ သည်။

ယမန်နေ့ မေလ ၆ ရက်နေ့တွင် ကလေးမြို့မှ ဖလမ်းမြို့သို့ Non-CDM ဝန်ထမ်းများ ပို့ဆောင်ရန် တက်လာသည့် စစ်ယာဉ်တန်းကို Hiang Zing ကျေးရွာနှင့် ထေးဇန်ကျေးရွာအကြားတွင် CDF CDM-Siyin အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ၏ တပ်မ ၇၇ မှ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦး ၊ ဒုဗိုလ် (တစ်ပွင့်ဗိုလ်) အဆင့်ရှိသူ ၁ ဦးနှင့် ရဲဘော် ၃ ဦး စုစုပေါင်း ၅ ဦး ပွဲ ချင်းပြီး သေဆုံးခဲ့ပြီး လက်နက်အ ရှည် ၃ လက်နှင့် ပစ္စတို လက် ၁ လက် စုစုပေါင်း ၄ လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဖောကားတစ်စီးတို့ကို သိမ်းဆည်းရရှိခဲ့ပြီး ကျန် ယာဉ် ၂ စီးမှာ ထိခိုက်ပျက်စီးကာ ယာဉ် မောင်းမှ လွဲ၍ ကားပေါ်ပါ ကျန်စစ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ရာတွင် Non CDM ဝန်ထမ်းများလိုက်ပါလာသည့် ယာဉ်တန်းကို ရှောင်ရှားကာ တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၅ ရက်နေ့ကလည်း ကလေးမြို့ဘက်မှ စစ်ကူပေးရန် တက်လာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဟီယန်ဇီယန် (Hiangziang) ကျေးရွာရှိ ကော်ဖီခြံအနီးတွင် CDF CDM-Siyin တပ်ဖွဲက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၃ ဦး နေရာမှာပင်ပွဲချင်းပြီး သေဆုံးကာ လက်နက် ၃ လက် လည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီသည် ဖလမ်းမြို့ကို သိမ်းပိုက်ပြီးနောက် ချင်းပြည်နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မြို့များကို ထပ်မံထိုးစစ်ဆင်ရန်အတွက် စစ်ကြောင်း များစုဖွဲ့လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် ဖလမ်းမြို့ပေါ်တွင် ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားကို ပြန်လည်လည်ပတ်ရန် ကြိုး ပမ်းရာတွင် ကြိုးပမ်းနေခြင်းဖြစ်ပြီး ကလေး မြို့ရှိ အရပ်သားပိုင် မော်တော်ယာဉ်များကို အတင်း အဓမ္မ သိမ်းယူအသုံးပြုနေခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ ချင်း တော်လှန်ရေးတပ်ဖွဲ့များက အနီးကပ် စောင့်ကြည့်လျက်ရှိပြီး တိုက်ပွဲများ ဆက်လက်ပြင်း ထန်လာ နိုင်ကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article