27 C
Yangon

ရေကြည်မြို့နယ်၊ အမြောက်တပ် ၃၄၄ ၏ ကာကင်းစခန်းအားလုံးကို AAနှင့် ပူးပေါင်းတော်လှန်ရေးတပ်များက သိမ်းပိုက်လိုက်ပြီး တပ်ရင်းဌာနချုပ်ကို အပြင်းအထန်ထိုးစစ်ဆင်နေ

Must read

ရန်ကုန်၊ မေ ၁၄

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အခြေစိုက် စစ်ကောင်စီ၏ အမတ ၃၄၄ ကာကင်းစခန်းအားလုံးကို အာရက္ခတပ်တော် – AA နှင့်ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ရရှိထားပြီး တပ်ရင်းဌာနချုပ်တွင် တိုက် ပွဲပြင်းထန်နေကြောင်း ဒေသသတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်တို့က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

၂၀၂၅ နှစ်ခုနှစ် ဆန်းပိုင်းကတည်းက အာရက္ခတပ်တော် – AAနှင့် မဟာမိတ်များက ရေ ကြည်မြို့နယ်၊ အမတ ၃၄၄ အမြောက် တပ်၏ ကာကင်းစခန်း၂ ခုကို သိမ်းယူထားပြီး ယခု မေလ ၁၀ ရက်နေ့မှစတင်၍ ကျန်ရှိနေသော ကာကင်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မေလ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့တို့တွင် တိုက်ပွဲပိုမိုပြင်းထန်ခဲ့ပြီး အမတ ၃၄၄ တပ်ရင်းနှင့် တမိုင်ခန့်အကွာရှိ စစ်တပ် ကာ ကင်းစခန်း ၃ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

“မြောက်စမ်းအမြောက်တပ် ၃၄၄ တစ်ခုလုံးကို ဝိုင်းပတ်ပိတ်ဆို့ထိန်းချုပ်ထားတဲ့ အနေအထားကို ရောက်သွားပြီ။ ပြောရမယ်ဆိုရင် ၃၄၄ ရဲ့အပြင်ခံစစ်စခန်း အကုန်ကုန်သွားပြီ။ ၃၄၄ မြောက်တပ်ရင်း တစ်ခုပဲ ကျန်တော့တဲ့အနေ အထားကို တွေ့ရပါတယ်။” ဟု CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ ကာကင်းစခန်းများကို သိမ်းပိုက်ရရှိပြီးနောက် အာရက္ခတပ်တော် -AA နှင့်ပူးပေါင်းတပ်ဖွဲ့များ က ကျန်ရှိနေသော အမတ ၃၄၄ တပ်ရင်းကို ဆက်လက်၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ တပ်ရင်း အတွင်းမှ အရာရှိ မိသား စုဝင်များမှာ ပြောင်းရွှေ့နေကြသော်လည်း လက်အောက်ငယ်သားမိသားစု ဝင်များကိုမူ ပြောင်းရွှေ့ခွင့်မပြုပဲ ပိတ်ဆို့ထားကြောင်း သိရသည်။

ထို့အပြင် တိုက်ပွဲများအတွင်း သေဆုံးသွားသော စစ်သားများနှင့် ဒဏ်ရာရ စစ်သားများကိုလည်း မိုး ကာအုပ် စစ်သုံးဖောကားများဖြင့် ပုသိမ်မြို့သို့ သယ်ယူကာ ဒဏ်ရာရ စစ်သားများကို ပုသိမ်စစ်မြေ ပြင်ဆေးတပ်ရင်း မဆရ -၄ သို့လည်းကောင်း၊ သေဆုံးသွားသော စစ်သားများကို ရွှေမြင်တင် မီး သင်္ဂြိုလ် စက်သို့လည်းကောင်း ပို့ဆောင်ကာ သင်္ဂြိုလ်နေကြောင်း သိရသည်။

အဆိုပါ အမြောက်တပ်ရင်းအတွင်း၌ ပုသိမ်မြို့ အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တပ်ရင်းများ၊ ကျုံပျော် ခလရ ၃၆ တပ်ရင်း၊ ဖျာပုံအခြေစိုက် ခလရ ၉၈ တပ်ရင်း၊ ဓနုဖြူအခြေစိုက် ခလရ ၁၀၈၊ တပ်မ ၆၆ လက်အောက်ခံ ခလရ ၁၄ တပ်ရင်း၊ ဟင်္သာတမြို့ အခြေစိုက် ခလရ ၁၈ တပ်များအပြင် အခြားထုတ်နုတ်တပ်များမှ စစ်သားများကို ပို့ဆောင်ကာ ခုခံနေကြောင်း သိရသည်။

လက်ရှိတွင် စစ်တပ်က အင်္ဂပူမြို့နယ် ၊ ကွင်းကောက်မြို့ရှိ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တတက-၅) ကို ခံစစ်စခန်းအသွင်ပြောင်းကာ စစ်အင်အား ထောင်ချီဖြည့်တင်း၍ ရက္ခိုင်ပြည်တောင်ပိုင်းကို ထိုး စစ်ဆင်ရန် ပြင်ဆင်နေချိန်တွင် အာရက္ခတပ်တော်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ရေကြည်မြို့ နယ် မြောက်စမ်းကျေးရွာရှိ အမတ ၃၄၄ ကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article