27 C
Yangon

ဖားကန့်၊ မရှီကထောင်ဆုတောင်းကုန်းရှိ စစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၁၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင်ဆုတောင်းကုန်းရှိ အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်တွင် မရှီကထောင်ဆုတောင်းကုန်းရှိ အကြမ်းဖက် စစ်တပ်ကို KIA ပူးပေါင်းတပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ဒီနေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်လောက်မှာ မရှီကထောင် ဆုတောင်းကုန်းမှာရှိတဲ့ စစ်ခွေးတွေကို ဒရုန်းနဲ့ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရတယ်။ အဲ့တိုက်ခိုက်မှုများ စစ်ခွေး ၅ ကောင်သေဆုံးတယ်လို့ ထပ်မံ သိရတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ဆက်လက် ပြောဆိုသည်။

အလားတူ မေလ ၈ ရက်နေ့တွင် ဖားကန့်မြို့နယ်၊ မှော်စီဆာရွာ၌ နယ်မြေရှင်းလင်းရေး ပြုလုပ်ရန် ထွက်လာသော စစ်သားများကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။

ထို့ပြင် မေလ ၅ ရက်နေ့မှ စတင်ပြီး မေလ ၈ ရက်နေ့ထိ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုအတွင်း အကြမ်းဖက် စစ်တပ်နှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၁၅ ဦး သေဆုံးကာ ရုပ်အလောင်းတချို့နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲဖြစ်ပွားရာ နေရာကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် လုံးခင်းကျေးရွာအုပ်စုအတွင်းရှိ နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article