27 C
Yangon

တာမွေ Ocean ကုန်တိုက်အနီးရှိ ယာဉ်ထိန်းရဲကင်းကို ဖောက်ခွဲတိုက်ခိုက်၊ မြောက်ဒဂုံတွင် လူငယ်များကို စစ်တပ်က ပစ်ခတ်မှု ၂ ဦးသေဆုံးပြီး ၂ ဦးအဖမ်းခံရ

Must read

ရန်ကုန်၊ ဇူလိုင် ၂၄

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ တာမွေ Ocean ကုန်တိုက်အနီး ယာဉ်ထိန်းရဲကင်းကို ယနေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်တွင် Free Fighter Force က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်သည်။

“တာမွေကုန်းတံတားအောက်က ဘဲဥရဲကင်းမှာ ဗုံးပေါက်တာ။ လူတော့မရှိဘူး။ အသံလည်းကျယ်တယ်။ ဗုံးပေါက်ပြီးတော့မှ စစ်ခွေးတွေရောက်လာတာပါ။ လူထိခိုက်မှုမရှိဘူး။ လမ်းသွားလမ်းလာ ကောင်လေး တစ်ဦးလားမသိဘူး အဖမ်းခံရတယ်”ဟု တာမွေဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် မြောက်ဒဂုံမြို့နယ်၊ ၃၀ ရပ်ကွက် မြသီရိ ၁ လမ်းရှိ နေအိမ်တစ်ခုကို ယနေ့ ညနေ ၃ နာရီခွဲအချိန်တွင် စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး အိမ်အတွင်းရှိ လူငယ်များကို ပစ်ခတ်ခဲ့ကြောင်း ၊ ပစ်ခတ်မှုကြောင့် လူငယ် ၂ ဦး သေဆုံးပြီး ၂ ဦး အဖမ်းခံရကြောင်း သိရှိရသည်။

“ပစ်ခတ်တာက အချက် ၄၀ ကျော်တယ်။ စစ်တပ်ဘက်ကချည်းပဲ ပစ်တာ။ အထဲက ပြန်မပစ်ဘူး။ လူငယ် ၂ ဦးသေပါတယ်။ အဲဒါ လူနာတင်ကား ၂စီးနဲ့တင်သွားတယ်။ အခြားဘေးဘက်က မဆိုင်တဲ့ လူငယ် ၂ ဦးကိုလည်း ဖမ်းသွားတယ်။ ကျည်ထိထားတယ်လည်းပြောတယ်။ လမ်းကိုပိတ်ပြီး ပစ်တာ။ အခုတော့ မီးဖြတ်ထားတယ်” ဟု မြောက်ဒဂုံ ၃၀ ရပ်ကွက်မှ ပြည်သူတစ်ဦးက ပြောသည်။

ဓာတ်ပုံ- ရန်ကုန်တွင် လုံခြုံရေးယူနေသော အကြမ်းဖက်စစ်ကောင်စီတပ်များ။

Photo- အီးပီအေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article