26.1 C
Yangon

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ဒုရဲအုပ် ထွန်းထွန်းလင်း အပါအဝင် ရဲတပ်ဖွဲ့ဝင်အချို့ လောင်းကစား၊ ပြည့်တန် ဆာနှင့် မူးယစ်ဆေးဝါးလုပ်ငန်းများထံမှ လိုင်းကြေးယူကာ ဖွင့်လှစ်ခွင့်ပြု

Must read

ရန်ကုန်၊ ​မေ ၁၆

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ဒုရဲအုပ် ထွန်းထွန်းလင်း အပါအဝင် ရဲတပ်ဖွဲ့ဝင်အချို့ လောင်းကစား၊ ပြည့်တန် ဆာနှင့် မူးယစ်ဆေးဝါးလုပ်ငန်းများထံမှ လိုင်းကြေးယူကာ ဖွင့်လှစ်ခွင့်ပြုထားသဖြင့် တိုင်ကြားမှုများဖြစ်ပေါ်နေသော်လည်း သက်ဆိုင်ရာ အရေးယူမှုမရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၁) မြို့မရဲစခန်းမှ ရဲအရာရှိနှင့် ရဲတပ်ဖွဲ့ဝင်အချို့က ၎င်းတို့၏ ရာထူးနှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုကာ နယ်မြေအတွင်းရှိ တရားမဝင် လောင်းကစားဝိုင်းများ၊ ပြည့်တန်ဆာခန်းများနှင့် မူးယစ်ဆေးဝါး အရောင်းအဝယ်လုပ်ငန်းများထံမှ လိုင်းကြေးယူ၍ စနစ်တကျ ဖွင့်လှစ်ခွင့်ပြုထားခြင်းဖြစ်သည်ဟု သိရှိရသည်။

ဇမ္ဗူသီရိမြို့နယ်၊ အမှတ် ၁ မြို့မရဲစခန်းမှ ဒုရဲအုပ် ထွန်းထွန်းလင်း၊ နယ်ထိန်း တပ်ကြပ် ထက်မြက်သူ၊ ဒုတပ်ကြပ် စည်သူအောင်၊ ရဲတပ်သား ရဲနောင်ထွေး၊ ရဲတပ်သား မျိုးလှိုင်ဝင်း တို့ကအုပ်စုဖွဲ့ ၍ လောင်းကစားလုပ်ငန်းများ၊ ပြည့်တန်ဆာ လုပ်ငန်းများနှင့် စိတ်ကြွဆေးရောင်းသူများကို လိုင်းကြေးယူ ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရှိရသည်။

“နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မှာ နှစ်လုံးထီ၊ သုံးလုံးထီ၊ ဘောလုံးလောင်းကစားတွေ နေရာတိုင်းမှာ အကြီး အကျယ်ဖြစ်တယ်။ နောက်ပြီး ဖဲ၀ိုင်းတွေနဲ့ ကြက်၀ိုင်းတွေ။ အဲဒါတွေကလည်း မှိုလိုပေါက်နေတာ။ နောက်ပြီးတော့ ဖာခန်းတွေပေါ့။ ဇမ္ဗူသီရိမြို့နယ်အတွင်း ရွှေကြာပင်ရပ်ကွက်၊ သပြေကုန်းရပ်ကွက်၊ အောင်ဇမ္ဗူရပ်ကွက်နဲ့ ကျေးရွာတွေ လောင်းကစား၊ ဖာ၊ မူးယစ်ဆေးဝါး အကုန်ရတယ်။ အဓိက လူငယ်တွေ ပျက်စီးကုန်တာ။ နိုင်ငံရေး စိတ်မဝင်စားရင်ပြီးရော ပုံစံနဲ့ လိုင်းကြေးယူ ခွင့်ပြုထားတာ။ အရမ်းဆိုးရွားနေတာ။ နေပြည်တော်လို နေရာမှာ ဖြစ်ချင်တိုင်းဖြစ်ပျက်နေတာ” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇမ္ဗူသီရိမြို့နယ်အတွင်းတွင် ရဲများက ဆက်ကြေးကောက်ယူရာတွင် လစဉ်၊ အပတ်စဉ် လိုက်လံကောက်ခံနေခြင်းဖြစ်ပြီး အလောင်းကစားဒိုင်များ၊ ၂D/၃D အွန်လိုင်းနှင့် မြေပြင်ထီဒိုင်များအပြင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူများထံမှပါ လိုင်းကြေးငွေများကို ကောက်ခံနေကြကြောင်း၊ သက်ဆိုင်ရာ နေပြည်တော်ကောင်စီက စီမံချက်ဖြင့် ဖမ်းဆီးမည်ဆိုပါက မြို့နယ်ရဲများက မြို့နယ်အတွင်းရှိ လောင်းကစားဒိုင်များ၊ ပြည့်တန်ဆာခေါင်းများနှင့် မူးယစ်ဆေးဝါးရောင်းသူများကို ကြိုတင် အကြောင်းကြား၍ ရှောင်ခိုင်းကြောင်း သိရှိရသင်္ည။

ထို့ပြင် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်အတွင်း လုပ်ကိုင်နေသော ပြည့်တန်ဆာလုပ်ငန်းများနှင့် အနှိပ်ခန်းများမှာလည်း ရဲများထံသို့ ဆက်ကြေး ပေး၍ ဖွင့်လှစ်လုပ်ကိုင်နေရသော်လည်း တရားဝင်ကဲ့သို့ ပေါ်ပေါ်တင်တင် လုပ်ကိုင်နေကြကြောင်း သိရှိရသည်။

သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့ဝင်များက လောင်းစားဒိုင်များ၊ ပြည့်တန်ဆာခန်းများနှင့် မူးယစ်ဆေးဝါးလုပ်ကိုင်သူများထံမှ လစဉ်၊ အပတ်စဉ် ဆက်ကြေးကောက်ခံရာတွင် ဌာနဆိုင်ရာ အဆင့်ဆင့် သို့ ပေးကမ်းရသည်ဟုဆိုကာ အနည်းဆုံး ငွေကျပ် ၁၀ သိန်းမှစတင်၍ လုပ်ငန်းအကြီးအသေးအလိုက် သိန်းရာချီအထိ ဆက်ကြေးတောင်းယူ ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article