26 C
Yangon

ညောင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်မှ တပ်သား မျိုးထက်ဇော်ကို တော်လှန်ရေးတပ်က အရှင်ဖမ်းမိ၊ ဖမ်းဆီးစဉ်အတွင်း တော်လှန်ရေးရဲဘော်များကို ၆၀ မမ ဗုံးဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့

Must read

ရန်ကုန်၊ မေ ၂၈

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်မှ တပ်သား မျိုးထက်ဇော်ကို တော်လှန်ရေးတပ်က အရှင်ဖမ်းမိခဲ့ပြီး ဖမ်းဆီးစဉ် အတွင်း တော်လှန်ရေးရဲဘော်များကို ၆၀ မမ ဗုံးဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Earthquake People’s Defence Force မှ တာဝန်ရှိသူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၆ ရက်နေ့တွင် ညောင်ဦးမြို့နယ်မှ ငါ့သရောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်မှ တပ်သား မျိုးထက်ဇော်ကို ရှေ့တန်းတော်လှန်ရေး ရဲဘော်များက အရှင် ဖမ်းဆီးနိုင်ခဲ့ပြီး ထိုသို့ ဖမ်းဆီးစဉ်အတွင်း တော်လှန်ရေးရဲဘော်များကို ၆၀ မမ ဗုံးဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပေါက်ကွဲခဲ့ခြင်းမရှိကြောင်း သိရသည်။

ဖမ်းဆီးရမိသော တပ်သား မျိုးထက်ဇော် ထံမှ MA -1 သေနတ် ၁ လတ်၊ ကျည် ၁၀၀၊ ဘောက် ၄ဘောက်၊ ၆၀ မမ ၁ ဖူး တို့ကို သိမ်းဆည်းနိုင်ခဲ့ပြီး ၎င်းကို ဆက်လက် အရေးယူနိုင်ရေး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

“အခုလောလောဆယ် တော့စစ်ဆေးနေပါတယ်။ သူ့ရဲ့ လုပ်ဆောင်ခဲ့မှု အပေါ်မူတည်ပြီး အပြစ်ပေးအရေးယူမှုတွေ လုပ်မှာပါ။ သူ့ကို ငါ့သရောက်မြို့နယ် တနေရာမိတာပါ။ အဲကောင်က ရဲဘော်တွေကို ၆၀ အသီးကို ပင်ဖြုတ်ပြီး ပစ်ထုသေးတယ်။ ကံကောင်းပြီးမကွဲလို့ ရဲဘော်တွေ အထိခိုက်မရှိခဲ့တာပါ” ဟု Earthquake People’s Defence Force မှ တာဝန်ရှိသူများက ပြောဆိုသည်။

အဆိုပါ ဖမ်းဆီးမှုကို Earthquake People’s Defense Force၊ ပခုက္ကူခရိုင်တပ်ရင်း -၈ ၊ ပခုက္ကူခရိုင် Localတပ်ရင်း(PDLB)၊ 21Bagan-People Defense Force ၊ Bagan Garuda Force ၊ ဒေါင်းရင်သွေးပျောက်ကျားတပ်ဖွဲ့-DYTနှင့် Badassess Burma Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article