26 C
Yangon

မြန်မာ့ဒီမိုကရေစီအရေးအတွက် ကူညီထောက် ပံ့ရန် အမေရိကန်အထက်လွှတ်တော်အမတ် မစ်ချစ်မက်ကောနယ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ဖိအားပေး၊ လက်တွေ့ကျသော လုပ်ဆောင်မှုများ ဆောင်ရွက်ရန် BRI တောင်းဆို

Must read

ရန်ကုန်၊ ဇွန် ၅

မြန်မာ့ဒီမိုကရေစီအရေးအတွက် ကူညီထောက် ပံ့ရန် အမေရိကန်အထက်လွှတ်တော်အမတ် မစ်ချစ်မက်ကောနယ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio)ကို ဖိအားပေးသည်။

အမေရိကန်ပြည်ထောင်စုတွင် ဇွန်လ ၃ ရက်နေ့ ကျင်းပခဲ့သော အထက်လွှတ်တော် ဘတ်ဂျက်ကော် မတီ ကြားနာပွဲတွင် ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် မစ်ချစ်မက်ကောနယ် (Mitch McConnell) က မြန်မာနိုင်ငံဆိုင်ရာ ဥပဒေ (Burma Act) အရ ပေးအပ်မည့် ရန်ပုံငွေများ ကြန့်ကြာနေမှုနှင့် ပတ် သက်၍ လည်း ကောင်း၊ အမေရိကန်အစိုးရ ၏ မူဝါဒများသည် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို ထောက် ပံ့ကူညီရာမှ သွေဖည်ပြောင်းလဲသွားမည်ကို စိုးရိမ်ရမှုများနှင့် ပတ် သက်၍ လည်းကောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio) ကို မေး ခွန်းထုတ် ဖိအားပေးခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက တရုတ်အစိုးရ၏ ကျော ထောက်နောက်ခံပြုမှုကို ရရှိထားသော မြန်မာစစ်တပ်၏ ဆက်လက်ထိန်းချုပ်မှုထက် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ အရပ်သားအုပ်ချုပ်ရေး ပေါ်ထွန်းလာရေးကို လက်ရှိအမေရိကန်အစိုးရအဖွဲ့အနေဖြင့် ထောက်ခံအားပေးကြောင်း အတည်ပြုပြောဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ အနာဂတ်ကို ပုံဖော်ရာတွင် ကူညီပေးနိုင်မည့် ဒီမိုကရေစီမိတ်ဖက်အဖွဲ့အစည်း များကို ရှာဖွေ ဖော်ထုတ်နိုင်ရန် အမေရိကန်အစိုးရက လုပ်ဆောင်နေကြောင်း ဖြည့်စွက်ပြောကြားသည်။

Burma Research Institute – BRI ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Zo Tum Hmung က “အထက်လွှတ်တော်အမတ် မက်ကောနယ်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် အမြဲတမ်း ပြတ်ပြတ်သားသား ထောက်ခံအားပေးခဲ့သူဖြစ်လို့ သူ့ရဲ့ ခေါင်းဆောင်မှုအပေါ် ကျေးဇူးတင်ပါတယ်။ ပါတီနှစ်ရပ်လုံးက ပူးပေါင်းတင်သွင်းတဲ့ BRAVE Burma Act ဥပဒေကြမ်းအပေါ် သူ့ရဲ့ ထောက်ခံမှုဟာ ပြည်သူတွေရဲ့ လွတ်မြောက်ရေးတိုက်ပွဲအတွက် ဆက်လက်ရပ်တည်ပေးနေတာကို ပြသနေတာဖြစ်ပြီး၊ BRI အနေနဲ့လည်း ဒါကို ထောက်ခံပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပေါ်ထွန်းရေးကို အမေရိကန်အစိုးရက ပိုမိုလိုလားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယို၏ အတည်ပြုချက်ကို ကြိုဆိုကြောင်း၊ သို့ရာတွင် အမေရိကန်အစိုးရအနေဖြင့် မြန်မာ့ ဒီမိုကရေစီအရေးအတွက် ပြတ်သားသည့် လုပ်ဆောင်ချက်များကို သက်သေပြရန် လိုအပ်ကြောင်း BRI ဥက္ကဋ္ဌက တိုက်တွန်းသည်။

ယင်းအပြင် BRI အဖွဲ့အနေဖြင့် အမေရိကန်အစိုးရထံသို့ တောင်းဆိုချက် ၄ ချက် တင်ပြလိုက်ပြီး ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (Steering Council for the Emergence of a Federal Democratic Union – SCEF) ကို တရားဝင်အသိအမှတ်ပြု၍ ထိတွေ့ဆက်ဆံရန်၊ နယူးယောက်ဘဏ်တွင် ထိန်း သိမ်းထားသော မြန်မာနိုင်ငံဆိုင်ရာ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဘီလျံခန့်နှင့် ယင်းမှ တိုးပွားလာသည့် အတိုးနှုန်းများနှင့်တကွ SCEF ထံသို့ လွှဲပြောင်းပေးရန်၊ ဘဏ္ဍာရေးနှစ် ၂၀၂၆ အတွက် သတ်မှတ်ထားသော မြန်မာနိုင်ငံဆိုင်ရာ အကူအညီ ဒေါ်လာ ၁၂၁ သန်းကိုလည်း SCEF မှတစ်ဆင့် အကောင်အထည်ဖော်ရန် တောင်းဆိုထားသည်။

ထို့အပြင် မြန်မာစစ်တပ်က တိုင်းရင်းသားများနှင့် ခရစ်ယာန်ဘာသာရေး လူနည်းစုများအပေါ် ကျူး လွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများကို လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ ဖြစ်ကြောင်း တရားဝင် သတ်မှတ်ကြေညာရန်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ခရစ်ယာန်သိုးထိန်းများနှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းနှင့် အခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် တောင်းဆိုရန် BRI က တင်ပြထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article