26.3 C
Yangon

မင်းအောင်လှိုင်ကို သမ္မတအဖြစ် အသိအမှတ်ပြုရန်နှင့် အာဆီယံထိပ်သီးအစည်းအဝေး တက်ခွင့်ပြုရေး အတွက် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံသို့ ဖိတ်ကြားလိုက်ပြီး ယနေ့ နေပြည်တော်သို့ ရောက်ရှိလာ

Must read

ရန်ကုန်၊ ဇွန် ၈

အကြမ်းဖက် မင်းအောင်လှိုင်ကို သမ္မတအဖြစ် အသိအမှတ်ပြုရန်နှင့် အာဆီယံထိပ်သီးအစည်းအဝေး တက်ခွင့်ပြုရေး ညှိနှိုင်းဆွေးရန် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Sugionoကို နေပြည်တော်သို့ ဖိတ်ကြားလိုက်ပြီး ယနေ့ နေပြည်တော်သို့ ရောက်ရှိလာကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ ဇွန်လ ၈ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Sugiono သည် နေပြည်တော်သို့ ဆိုက်ရောက် လာခြင်းဖြစ်ပြီး နေ့ချင်းပြန် ခရီးစဉ်အဖြစ် ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Sugiono သည် ၈ ကြိမ်မြောက် အိန္ဒိယ-အင်ဒိုနီးရှား ပူးတွဲ ကော်မရှင်အစည်းအဝေး တက်ရောက်ပြီးနောက် နယူးဒေလီမှတစ်ဆင့် နေပြည်တော်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးသည် နေပြည်တော်တွင် စစ်တပ် လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေ၊ အကြမ်းဖက် မင်းအောင်လှိုင်နှင့် တွေ့ဆုံရန် ရှိကြောင်း သိရှိရသည်။

“အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက နေ့ချင်းပြန်ရောက်လာတာပါ။ နိုင်ငံခြားရေးဝန်ကြီး နဲ့ တွေ့မယ်။ လူကြီး (အကြမ်းဖက် မင်းအောင်လှိုင်)နဲ့ တွေ့၊ မတွေ့တော့ မသိရသေးဘူး။ လူကြီးက လက်ခံမယ်ဆိုရင်တော့ တွေ့နိုင်တယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံတွင် ဩဇာကြီးသော နိုင်ငံတစ်ခုဖြစ်ပြီး မြန်မာ့အရေးနှင့်ပတ်သက်၍ စစ်ကောင်စီ အပေါ် သဘောထားတင်းမာသော နိုင်ငံတစ်ခုဖြစ်သည်။

မေလအတွင်းတွင်လည်း အကြမ်းဖက်စစ်တပ်က မြန်မာစစ်အပေါ် သဘောထားတင်းမာသော မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတို ဆရီ မိုဟာမတ် ဟာဆန် (Datuk Seri Mohamad Hasan) ကိုလည်း နေပြည်တော်သို့ နေ့ချင်းပြန် ဖိတ်ကြားခဲ့ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်တပ်အနေဖြင့် ယခင်က အတိုက်အခံအဖွဲ့အစည်းများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန် လက်မခံခဲ့သော်လည်း လက်ရှိတွင် အုပ်စုအားလုံး တစ်စားပွဲတည်း၌ အတူတကွထိုင်၍ ဆွေးနွေးညှိနှိုင်းရန် လိုလားကြောင်း ထုတ်ဖော်ပြောဆိုလာသည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတို ဆရီ မိုဟာမတ် ဟာဆန် (Datuk Seri Mohamad Hasan) က ပြောကြားခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article