27.1 C
Yangon

၄၄ လမ်းမှ တော်လှန်ရေးလူငယ်များ ဖမ်းဆီးခံရမှုနှင့် သေဆုံးမှုတွင် စစ်တပ် သတင်းပေးခဲ့သူ ဗိုလ်တထောင် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဘော်ဘီ မသေသေးဘဲ စိုးရိမ်နေရဟုဆို

Must read

ရန်ကုန်၊ ဇူလိုင် ၂၈

ယမန်နှစ် ဩဂုတ်လတွင် ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေသည့် လူငယ်များကို ဖမ်းဆီးရာတွင် စစ် တပ် နှင့်အတူ ပူးပေါင်းပါဝင်ခဲ့ပြီး လူငယ်များ တိုက်ပေါ်မှ ခုန်ချသေဆုံးစေခဲ့သည့် ဗိုလ်တထောင် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး သန်းဝင်း(ခ)‌ ဘော်ဘီ ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု သတင်း ထွက်ခဲ့သော်လည်း မသေသေးဘဲ ဆေးကုသမှု ခံယူနေရကာ စိုးရိမ်နေရသည့်အဆင့်တွင်ရှိနေသည်ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ် သိရှိရသည်။

“သူက ကားကို ပတ်ပြေးပြီး ရှောင်တော့ ပခုံး၊ လည်ပင်း၊ တင်ပဆုံ ထိတယ်။ သေတာကတော့ မသေသေးဘူး။ ဆေးရုံမှာ ရှိနေတယ်ဆိုတာတော့ အတည်ပြုနိုင်တယ်။ အသက်ရှင်ဖို့ ရာခိုင်နှုန်းက ၅၀ – ၅၀ ပဲလို့ ဆေးရုံဘက်က ပြောတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အချိန်တွင် ဗိုလ်တထောင်မြို့နယ် ၄၂ လမ်းထိပ်တွင် ဗိုလ်တထောင်မြို့နယ် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး သန်းဝင်း(ခ) ဘော်ဘီ သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းထွက်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့ပြ Inya Urban Force နှင့် အမည်မဖော်လိုသော မြို့ပြပြောက်ကျား တပ်ဖွဲ့က ဘော်ဘီကို ၎င်းတို့ရှင်းလင်းခြင်းဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

“သူက မနှစ်က ၄၄ လမ်းမှာ မပန်းသီးတို့ လူငယ်လေးတွေကို စစ်တပ်နဲ့အတူ ဝင်ဖမ်းတဲ့နေရာမှာပါခဲ့တယ်။ အဲဒါ သူက ဦးစီး ဦးရွက်လုပ်ခဲ့တာ။ ၄၂ လမ်းထိပ်၊ ဘိုကလေးစျေးထိပ်မှာ ၃ ချက်ဖောင်းဒိုင်းအကျွေးခံရတယ်။ ရဲခွေးတွေ အိမ်စီးကား Crow အဖြူနဲ့ လာစစ်နေတယ်။ ၄၄ လမ်းကိစ္စပြီးတော့ သူက ရှောင်နေတာ။ သူက ဘိုကလေစျေးပရဟိတဆိုပြီး ပရဟိတ အယောင်ဆောင်လည်းလုပ်တယ်” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။

Inya Urban Force – IUF က ရန်ကုန်ရှိ အကြမ်းဖက်စစ်ကောင်စီဘက် တော်သား နုတ်ထွက်ကြရန်နှင့် မနုတ်ထွက်ပါက မိမိကိုယ်ကို သေလူအဖြစ် သတ်မှတ်ထားကြရန် သတိပေးချက် ထုတ်ပြန်သည်။

ယမန်နှစ် ဩဂုတ်လ ၁၀ ရက်နေ့ ရန်ကုန်ဗိုလ်တထောင် ၄၄ လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ခန်းတစ်ခုကို ဝင်ရောက်စီးနင်းစဉ် တော် လှန်ရေး လူငယ် ၅ ဦး တိုက်ပေါ်မှ ခုန်ချခဲ့ကြပြီး ၃ ဦးသေဆုံးကာ ၂ ဦး အဖမ်းခံခဲ့ရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article