26 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၂၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

 By ရန်ကုန်ခေတ်သစ် 

ဒီကနေ့ ဇူလိုင် ၂၈ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့

-၄၄ လမ်းမှ တော်လှန်ရေးလူငယ်တွေ  ဖမ်းဆီးခံရမှုနဲ့ သေဆုံးမှုမှာ စစ်တပ် သတင်းပေးခဲ့သူ ဗိုလ်တထောင် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဘော်ဘီ မသေသေးဘဲ စိုးရိမ်နေရတဲ့အခြေအနေမှာရှိနေပါတယ်။

– စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ် ရေးတပ်ဖွဲ့ တွေက  ဇူလိုင်လ ၂၇ ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အပြင် ၊ မြေပြင်မှာပါ တိုက်ပွဲဖြစ်ပြီး အကြမ်းဖက် စစ်ကောင် စီဘက်က ၇ ဦးသေဆုံးသွားသလို ၊ ၁၈ ဦး ဒဏ်ရာ ရသွားတယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၇၊ Zero ပြောက်ကျား တပ်ဖွဲ့ကနေ သတင်းထုတ်ပြန်ထားပါတယ်။

– ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်း၊ ဥကရစ်ထ စခန်းအနီးက ရွှေအေးမြိုင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် နဲ့ စစ်ကြောင်းမှူး စောဝင်းမြင့်ဦးဆောင်တဲ့ Venom စစ်ကြောင်းတို့ဟာ ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲက စပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

– စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာ ရထားတဲ့ အသက် ၁၃ နှစ် အရွယ် မောင်ခန့်ခန့်ငြိမ်းကို ဆေးရုံပို့တဲ့အချိန် အကြမ်းဖက် စစ်ကောင်စီတပ် နဲ့တွေ့ပြီး ကားပေါ်ကနေ လူနာကို ဆွဲချတဲ့အပြင် ၊ မြောင်းထဲကို ကန်ချ သတ်ဖြတ်လိုက်သလို၊ လူနာပို့သူ PDF ခေါင်းဆောင်ကိုလည်း အကြမ်းဖက် စစ်ကောင်စီတပ်က ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေ နဲ့ ဒေသ သတင်းရင်းမြစ်တွေ ဆီက သိရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article