25.7 C
Yangon

ကလေးမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများနှင့် မြို့အဝင်ဂိတ်များကို တိုက်ခိုက်မှု ဒုအရာခံဗိုလ် ၁ ဦး အပါအဝင် ၇ ဦး သေဆုံးပြီး ၃ ဦး အရှင်ဖမ်းမိ

Must read

ရန်ကုန်၊ မေ ၁၇

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများနှင့် မြို့အဝင်ဂိတ်များကို တိုက်ခိုက်ရာ ဒုအရာခံဗိုလ် ၁ ဦး အပါအဝင် ၇ ဦး သေဆုံးပြီး ၃ ဦး အရှင်ဖမ်းမိခဲ့ကြောင်း Kaly UG တပ်ဖွဲ့မှ သတင်းနှင့် ဆက်သွယ်ရေး တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၂ ရက်နေ့မှ စတင်၍ ကလေးမြို့အတွင်းရှိ စစ်တပ် တပ်စွဲထားသော နေရာများနှင့် မြို့ အဝင်အထွက်ဂိတ်များကို Kalay UG တပ်ဖွဲ့က မိုင်းခွဲ တိုက်ခိုက်ခြင်း၊ ပြောက်ကျား ဝင်ရောက်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုများ အတွင်း စစ်တပ်ဘက်မှ ဒုအရာခံ ဗိုလ် ၁ ဦး၊ တပ်ကြပ် ၁ ဦး အပါအဝင် ၇ ဦးသေဆုံးခဲ့ပြီး ၃ ဦးကို အရှင် ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ထို့ပြင် ထိခိုက်ဒဏ်ရာ ရရှိသူများလည်းရှိပြီး ကျည်တချို့ နှင့် လက်ပစ်ဗုံး အပါအဝင် ခဲယမ်းတချို့တို့ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့ စပြီး မြို့တွင်း စစ်ဆင်ရေးလုပ်ခဲ့တာက ၅ လပိုင်း ၁၂ ရက်နေ့က စတာပါ။ အဓိက ပစ်မှတ်အနေနဲ့ တိုက်ခိုက်တာက မြို့တွင်းနဲ့ မြို့ထွက်ဂိတ်တွေကို လုပ်ဆောင်တာပေါ့။ မိုင်းဆွဲတိုက်ခိုက်တာတွေ အပါအဝင် ပြောက်ကျား ဝင်ရောက် ပစ်ခတ် တိုက်ခိုက်တာတွေလည်းပါတယ်။ ကလေး မြောက်ပိုင်းကို စစ်တပ်က စစ်ကြောင်းကြီးတွေ ထိုးနေချိန်မှာ ကျနော်တို့တပ်ဖွဲ့က မြို့တွင်း စစ်ဆေးရေးတွေ ဝင်ရောက် လုပ်ဆောင်ခဲ့တာပါ” ဟု Kaly UG တပ်ဖွဲ့မှ သတင်းနှင့် ဆက်သွယ်ရေး တာဝန်ခံက ပြောဆိုသည်။

Kaly UG တပ်ဖွဲ့အနေဖြင့် ရှေ့ဆက်ပြီး မြို့တွင်းစစ်ဆင်ရေးများကို ခြေသံလုံလုံဖြင့် ဆက် လက် ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပြီး ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ် စစ်ယဥ်တန်းများနှင့် စစ်တပ် စစ်ဆေးရေးဂိတ်များကို အတတ်နိုင်ဆုံး အသွားအလာ သတိရှိစွာ နေထိုင်ပေးကြပါရန် မေတ္တာရပ်ခံထားပြီး လိုက်နာမှုမရှိဘဲ တစုံတရာ ဖြစ်ပွားခဲ့ပါက လုံးဝ တာဝန် ယူမည် မဟုတ်ကြောင်း သတိပေးပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article