26.7 C
Yangon

မဲဆောက်နှင့် မယ်ဆိုင် မြို့နယ်တို့တွင် တရားမဝင် နေထိုင်သူများနှင့် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁၁ ဦးဖမ်းဆီးခံရ

Must read

ရန်ကုန်၊ ဇွန် ၁၈

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်နှင့် မယ်ဆိုင် မြို့နယ်တို့တွင် တရားမဝင် နေထိုင်သူများနှင့် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁၁ ဦးဖမ်းဆီးခံရကြောင်း ထိုင်း အာဏာပိုင်များ ထုတ်ပြန်ချက်အရ သိရသည်။

ဇွန်လ ၁၇ ရက်နေ့တွင် မဲဆောက်မြို့နယ်၊ ဒွန်ချိုင်းလမ်းရှိ ဆိုင်ကယ်ပြင်ဆိုင်တစ်ခုကို တာ့ခ်ခရိုင် လဝက စုံစမ်းစစ်ဆေးရေးအဖွဲ့က ဝင်ရောက်ရှာဖွေစဉ် ခွင့်ပြုထားခြင်းမရှိဘဲ ဆိုင်ကယ်ပြင်လုပ်ငန်း လုပ်ကိုင်နေသော အသက် ၃၈ နှစ် နှင့် ၂၁ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသား ၂ ဦး ဖမ်းဆီးခံရကြောင်း သိရှိရသည်။

ယင်းနေ့တွင် မဲဆောက်မြို့နယ်၊ သမတ်စပ်ဖခန်လမ်းရှိ ဆိုင်ကယ်ပြင်ဆိုင် ၂ ခုကို တာ့ခ်ခရိုင် လဝက စုံစမ်းစစ်ဆေးရေးအဖွဲ့က ထပ်မံ ဝင်ရောက်စစ်ဆေးခဲ့ပြီး ခွင့်ပြုထားခြင်းမရှိဘဲ ဆိုင်ကယ်ပြင်လုပ်ငန်း လုပ်ကိုင်နေသော အသက် ၃၅ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသား ၁ ဦးနှင့် အသက် ၄၃ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား အမျိုးသား ၁ ဦး ထပ်မံ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ထို့ပြင် ဇွန်လ ၁၇ ရက်နေ့တွင် မဲဆောက်မြို့နယ်၊ မဲဆောက်-မဲတောင်လမ်း အန်ဆောရ်ဗလီ (Masjid Ansor) အနီးရှိ တိုက်တန်းလျားတစ်ခုကို တာ့ခ်ခရိုင် လဝက စုံစမ်းစစ်ဆေးရေးနှင့် နှိမ်နင်းရေးအဖွဲ့၊ လဝကဗဟိုဌာနခွဲ ၅ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဝင်ရောက်ရှာဖွေစဉ် တရားမဝင် နေထိုင်သော မြန်မာနိုင်ငံသား အသက် ၂၈ နှစ်အရွယ် အမျိုးသား ၁ ဦး ၊ အသက် ၂၆ နှစ်အရွယ် အမျိုးသား ၁ ဦး နှင့် အသက် ၄၈ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ ဖမ်းဆီးခံရကြောင်း သိရှိရသည်။

အလားတူ ဇွန်လ ၁၇ ရက်နေ့တွင် မဲဆောက်မြို့နယ်၊ သမတ်စပ်ဖခန်လမ်းရှိ လက်သည်းပြင်ဆိုင်နှင့် Spa ဆိုင် ၁ ခုကို တာ့ခ်ခရိုင် လဝက စုံစမ်းစစ်ဆေးရေးအဖွဲ့က ဝင်ရောက် စစ်ဆေးစဉ် ထိုင်းနိုင်ငံသားများသာ အလုပ်လုပ်ကိုင်ခွင့်ရှိသော အလှအပရေးရာ ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်နေသော မြန်မာနိုင်ငံသား အသက် ၂၈ နှစ်နှင့် အသက် ၂၁ နှစ်အရွယ် အမျိုးသမီး ၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ဇွန်လ ၁၆ ရက်နေ့တွင် မယ်ဆိုင်မြို့နယ်၊ မယ်ဆိုင်ရွာရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကို ထိုင်းအာဏာပိုင်များက ဝင်ရောက် စစ်ဆေးခဲ့ရာ ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ် ကိုင်ဆောင်ထားပြီး အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိသော မြန်မာနိုင်ငံသား အသက် ၂၇ နှစ်အရွယ် အမျိုးသမီး ၁ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ဇွန်လ ၅ ရက်နေ့ကလည်း မယ်ဆိုင်မြို့နယ်၊ ဝေယန်ဖန်ခမ်ရပ်ကွက်၊ အကွက် (၁၀) ၊ ဖာတဲတ်ကျေးရွာအတွင်းရှိ လမ်းဘေးတစ်နေရာတွင် ထိုးအာဏာပိုင်အဖွဲ့က စစ်ဆေးမှုပြုလုပ်စဉ် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား အသက် ၂၄ နှစ်နှင့် ၂၅ နှစ်အရွယ် မြန်မာနိုင်ငံသား ၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article