ရန်ကုန်၊ ဇူလိုင် ၃၁
မြောင်မြို့နယ်တွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့တွင် လူထု သစ္စာ အဓိဌာန်ပြုပွဲနှင့် ဖက်ဆစ် စစ်တပ် တော်လှန်ရေး စက်လှေများဖြင့် လှည့်လည် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဆန္ဒပြပွဲကို စက်လှေပေါင်း ၇၀ ကျော် ကျေးရွာပေါင်း ၂၄ရွာမှ လူဦးရေ ၅၀၀ ကျော်တို့ဖြင့် ပြုလုပ်ခဲ့ပြီး လူထု အဓိဋ္ဌာန်ပြုပွဲကို ကိုမင်းကိုနိုင် နှင့် NUG အမျိုးသမီးရေးရာနှင့် ကလေးသူငယ်ဝန်ကြီးဌာနမှ ဒုဝန်ကြီး မအိသဥ္ဇာမောင်တို့မှ ဖုန်းဖြင့် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။