24.9 C
Yangon

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်များကို ဖျက်ဆီးရန် ညွှန်ကြားသူများနှင့် ပူးပေါင်းပါဝင်သူများကို ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဟု NLD ပါတီက သတိပေးကြေညာ

Must read

ရန်ကုန်၊ ဇူလိုင် ၈

မြန်မာနိုင်ငံတစ်ဝန်း ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်များ ဖျက်ဆီးရန် ညွှန်ကြားသူများနှင့် ပူးပေါင်းပါဝင်သူများကို ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဟု NLD ပါတီက ယနေ့ အသိပေး ထုတ်ပြန်သည်။

နိုင်ငံအနှံ့အပြားရှိ အများပြည်သူပိုင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်များကို စစ်တပ်နှင့် လက်ပါးစေများက ညအမှောင်ကို အကာအကွယ်ယူကာ နေ့စဉ်ဖြိုချဖျက်ဆီးနေမှုအပေါ် NLD ပါတီက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ယနေ့ ဇူလိုင်လ ၈ ရက်နေ့တွင် သတိပေးထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“ထိုလုပ်ရပ်များ လုပ်ဆောင်ရန်ညွှန်ကြားသူများနှင့် ပူးပေါင်းပါဝင်သူများသည် အများပြည် သူပိုင်ပစ္စည်းများကိုဖျက်ဆီးခြင်း၊ မြန်မာနိုင်ငံ၏အမျိုးသားရေးသွင်ပြင်လက္ခဏာ၊ မြန်မာ့ သမိုင်း၏ သင်္ကေ တ၊ အထောက်အထားများနှင့် ပြည်ထောင်စုစိတ်ဓာတ်ကို ဖျက်ဆီးနေခြင်းဖြစ်သဖြင့် ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” NLD ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေးအတွက် ပြည်ထောင်စုကို စုစည်းပေးခဲ့သော လွတ် လပ်ရေးဗိသုကာဖြစ်သလို၊ မြန်မာ့တပ်မတော်၏ ဖခင်လည်းဖြစ်ကြောင်း၊ ၎င်း၏ သမိုင်းအစဉ်အလာကောင်းများ၊ ရိုးသားဖြူစင်မှုနှင့် ကိုယ်ကျိုးမဖက်သည့် ဂုဏ်ဒြပ်များကြောင့် ပြည်သူလူထုက ဗိုလ်ချုပ်ရုပ်ပုံလွှာများကို အမျိုးသားရေးသွင်ပြင်လက္ခဏာနှင့် မြန်မာ့သမိုင်း၏ သင်္ကေတအဖြစ် အထွတ် အမြတ် ထားရှိကြခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူထဲမှ ပေါက်ဖွားလာသည့် NLD ပါတီအနေဖြင့်လည်း ပြည်သူတို့၏ ဆန္ဒနှင့်အညီ ပြည်သူ လူထုတစ်ဦးချင်းစီ၏ ကိုယ်ပိုင်ထည့်ဝင်ငွေများဖြင့် ဗိုလ်ချုပ်ကြေးရုပ် တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ပူးပေါင်းပါဝင်ခဲ့ကြောင်း ဆိုသည်။

လက်ရှိတွင် စစ်အာဏာရှင်နှင့် လက်ပါးစေများဖြစ်ကြသော စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် စည်ပင် သာယာရေးဝန်ထမ်းများက ညဉ့်အချိန်များကို အသုံးပြု၍ ဗိုလ်ချုပ်ရုပ်ထုများကို လိုက်လံဖျက်ဆီးနေသည်။

ထိုသို့ ဖြိုချဖျက်ဆီးခြင်းသည် အများပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်းဖြစ်ရုံသာမက မြန်မာ နိုင်ငံ၏ အမျိုးသားရေးသွင်ပြင်လက္ခဏာ၊ သမိုင်းသင်္ကေတများနှင့် ပြည်သူလူထု၏ ယုံကြည်ချက်၊ မျှော်လင့်ချက်များကိုပါ ရည်ရွယ်ချက်ရှိရှိ ရိုက်ချိုးဖျက်ဆီးနေခြင်းဖြစ်ကြောင်း NLD ပါတီက ထောက်ပြထားသည်။

အကြမ်းဖက် စစ်ကောင်စီသည် နိုင်ငံတစ်ဝန်းရှိ NLD အစိုးရလက်ထက်တွင် တည်ဆောက်ထားသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ၏ ကြေးရုပ်များကို ဆက်တိုက် ဖျက်ဆီး၊ ဖယ် ရှားလျက်ရှိရာ လက်ရှိအချိန်အထိ အနည်းဆုံး ကြေးရုပ် ၁၅ ရုပ် ဖျက်ဆီးဖယ်ရှားခံထားရပြီးဖြစ် ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article