25.1 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင် ဩဂုတ်လဆန်းပိုင်း ထိုင်းနိုင်ငံသို့ သွားရောက်မင်္ည

Must read

ရန်ကုန်၊ ဇူလိုင် ၁၃

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လာမည့် ဩဂုတ်လဆန်းပိုင်းတွင် ထိုင်းနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း အာဆီယံသတင်းရင်းမြစ်များကို ကိုးကား၍ ဂျပန် Kyodo သတင်းဌာနက ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့တွင် သတင်းဖော်ပြသည်။

မင်းအောင်လှိုင်က စစ်တပ်ကျောထောက်နောက်ခံပြု အတုအယောင်သမ္မတအဖြစ် ဧပြီလတွင် တာဝန်ယူပြီးနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုသို့ ဒုတိယအကြိမ် တရားဝင်သွားရောက်မည့် ခရီးစဉ်ဖြစ်ကြောင်း သိရှိရသည်။

ယခုလအစောပိုင်းတွင် မင်းအောင်လှိုင်က လာအိုနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့ပြီး ယင်းခရီးစဉ်မှာ သမ္မတအတုအဖြစ် တာဝန်ယူပြီးနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုသို့ ပထမဆုံး တရားဝင်သွားရောက်သည့် ခရီးစဉ်ဖြစ်သည်။

အာဆီယံသတင်းရင်းမြစ်များက မင်းအောင်လှိုင်၏ ထိုင်းနိုင်ငံခရီးစဉ် အသေးစိတ်အစီအစဉ်နှင့် သွားရောက်မည့်ရက်အတိအကျကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ထိုင်းနိုင်ငံသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း အာဆီယံထိပ်သီးအစည်းအဝေးများမှ မြန်မာစစ်ခေါင်းဆောင်များကို ဖယ်ထုတ်ထားသည့် အခြေအနေမှ မြန်မာနိုင်ငံကို အာဆီယံနှင့် ပြန်လည်ထိတွေ့ဆက်ဆံနိုင်ရေး ကြိုးပမ်းနေသည့် အဓိက အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုလည်း ဖြစ်သည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် အာဆီယံက အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေးအပါအဝင် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရာ၌ တိုးတက်မှုမရှိခြင်းကြောင့် ထိုစဉ်က စစ်ခေါင်းဆောင်ဖြစ်သူ မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်မပြုရန် ဆုံးဖြတ်ခဲ့သည်။

ယမန်နေ့ ဇူလိုင်လ ၁၂ ရက်နေ့က ဘန်ကောက်မြို့တွင် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေ အပါအဝင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖွန်းကက်ကယောက်က မြန်မာနိုင်ငံအနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် လက်တွေ့ကျသည့် လုပ်ဆောင်ချက်များ ပြသရမည်ဟု တိုက်တွန်းခဲ့သည်။

အဆိုပါ အစည်းအဝေးပြင်ပတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်နှင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေတို့ သီးခြားတွေ့ဆုံခဲ့ကြပြီး အိမ်နီးချင်းနှစ်နိုင်ငံအကြား နီးကပ်သည့် ဆက်ဆံရေးကို ထပ်မံအတည်ပြုခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နှစ်ဖက်ဆွေးနွေးမှုအတွင်း နယ်စပ်လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

မင်းအောင်လှိုင်သည် ယခင် ၂၀၂၅ ခုနှစ် ဧပြီလကလည်း ဘန်ကောက်မြို့တွင် ကျင်းပသည့် ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့-BIMSTEC ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ဖူးသည်။

ယခု ဩဂုတ်လဆန်းပိုင်း ခရီးစဉ်မှာ မင်းအောင်လှိုင်၏ ၂၀၂၅ ခုနှစ် ဧပြီလနောက်ပိုင်း ထိုင်းနိုင်ငံသို့ ပထမဆုံး ပြန်လည်လာရောက်မည့် ခရီးစဉ်လည်း ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article