By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၂ ရက် ညနေပိုင်း ရရှိထားတဲ့သည့် သတင်းတွေကတော့
– အကြမ်းဖက်စစ်ကောင်စီကို ဒဏ်ခတ် အရေးယူမှုတွေ ဆက်လုပ်မှာဖြစ်တဲ့အပြင် ၊ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ‘’ ဒန်နီရယ် ဂျေ ခရစ်တင်ဘရင့်ခ်က အမျိုးသားညီညွတ် ရေးအစိုးရ NUG ရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး နဲ့ တွေ့ဆုံစဉ် ပြောဆိုလိုက်တယ်လို့ ရန်ကုန်အမေရိကန်သံရုံးကနေ သတင်းထုတ်ပြန်ထားပါတယ်။
– မကွေးတိုင်း၊ ကျောမြို့မှာရှိတဲ့ စစ်ကောင်စီတပ်-လက်အောက်ခံ ၊ ပုထိုးလုံ ၁၂ မဂ္ဂါဝပ် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး-စက်ရုံကို ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF ကနေ ဇူလိုင်လ ၂၈ ရက်နေ့ မှာ ဝင်ရောက်စီးနင်းပြီး Non CDM ဝန်ထမ်း ၂၄ ဦးကို ဖမ်းဆီးခဲ့ပေမယ့် ၊ ၂၃ ဦးကို ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးလိုက်တဲ့အပြင် ၊ MOGE အင်ဂျင်နီယာမှူး -ဦးမင်းအောင်ကို ဆေးကုသပေးနေပြီး စစ်ဆေး နေတယ်လို့ YDF ဆီကနေ သိရပါတယ်။
– ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ ပုလဲ-၂ ၊ ပေါင်းကူ-ဉာဏ ရပ်ကွက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဝင်းနိုင်ထွန်း နဲ့ ဟေမာထွန်းတို့ လင်မယား ၂ ဦး ဒီကနေ့ အော်ဂုတ်လ ၂ ရက်နေ့ မနက် ၉ နာရီလောက်မှာ ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။