29.2 C
Yangon

အမေရိကန်နှင့်တရုတ်အကြား စစ်ဖြစ်နိုင်သည်အထိ တင်းမာနေသော အမေရိကန် အောက် လွှတ်တော်ဥက္ကဋ္ဌ၏ လေယာဉ် ထိုင်ဝမ်နိုင်ငံသို့ သွား၊ မသွား လူပေါင်း ၃ သိန်းကျော် စောင့်ကြည့်ကြ၊ ကမ္ဘာ၏ စောင့်ကြည့်အခံရဆုံးသော လေ ကြောင်းခရီးစဉ်ပျံသန်းမှုအဖြစ် မှတ်တမ်းဝင်

Must read

ရန်ကုန်၊ ဩဂုတ် ၂

အမေရိကန်နှင့်တရုတ်နိုင်ငံအကြား စစ်ဖြစ်နိုင်သည်အထိ တင်းမာနေသော အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nacy Pelosi ၏ ထိုင်ဝမ်နိုင်ငံခရီးစဉ် လေ ယာဉ် ပျံသန်းမှုလမ်းကြောင်းကို လူပေါင်း ၃ သိန်းကျော်က စောင့်ကြည့်ကြသ ဖြင့် ကမ္ဘာ့စောင့်ကြည့်မှုအများဆုံးခံရသည့် လေယာဉ်လေကြောင်းခရီးစဉ်အဖြစ် မှတ်တမ်းဝင်သွားကြောင်း သိရှိရသည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nacy Pelosiသည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမှ ထိုင်ဝမ်နိုင်ငံသို့ ထွက်ခွာ ဖွယ်ရှိသည်ဟု ယူဆရသော်လည်း လက် ရှိ အချိန် ထိုင်ဝမ်နိုင်ငံ၏ မြေပေါ်သို့ တရားဝင်ရောက်ရှိခြင်းမရှိသေးပေ။

ထိုင်ဝမ်သတင်းဌာနတချို့ကမူ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ သည် ထိုင်ဝမ်နိုင်ငံသို့ ထိုင်ဝမ်နိုင်ငံစံတော်ချိန် ည ၁၀ နာရီ ၂၀ မိနစ်တွင် ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။

သို့ရာတွင် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌသည် လေယာဉ်ပေါ်တွင် ပါရှိခြင်း ရှိ၊ မရှိကိုလည်း အတည်ပြုနိုင်ခြင်းမရှိပေ။

တရုတ်နိုင်ငံက ထိုင်ဝမ်နိုင်ငံသည် ၎င်း၏ ပိုင်နက်အဖြစ် သတ်မှတ်ထား၍ အမေရိကန် အဆင့်မြင့်ခေါင်းဆောင်များအနေဖြင့် လည်ပတ်ခြင်းမပြုရန်နှင့် လည်ပတ်ပါက နောက်ဆက်တွဲ ဆိုးကျိုးများရှိလာမည်ဖြစ်ကြောင်း တရုတ်ဘက်က သတိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article