31 C
Yangon

ရန်ကုန်တွင် လူထုသပိတ်စစ်ကြောင်းက “ဥပဒေကိုစစ်ကျွန်ပြု သွေးစွန်းလက်နဲ့ထီးတော်မတင်နဲ့” ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် သပိတ်မှောက်

Must read

ရန်ကုန်၊ ဩဂုတ် ၃

ရန်ကုန်မြို့တွင် စစ်ကောင်စီလုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ “ဥပဒေကိုစစ်ကျွန်ပြု သွေးစွန်းလက်နဲ့ထီးတော်မတင်နဲ့” ကြွေးကြော်သံဖြင့် ရန်ကုန်လူထုသပိတ်စစ်ကြောင်းက ယနေ့ စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် သပိတ်မှောက်ကြသည်။

ကိုဖြိုးဇေယျာသော် သီဆိုရေးသားခဲ့သော “ယုံကြည်ချက်အတွက် အသက်ကိုစွန့်ကာ သမိုင်းကိုရေးမှာ ငါတို့” စာတန်းများကိုင်ဆွဲကာ ရန်ကုန်လူထုသပိတ်က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ကြသည်။

တရားဥပဒေ အထက် အဓမ္မချုပ်ကိုင်ထားသည့် စစ်အာဏာကို အဆုံးထိတော်လှန်တိုက်ထုတ်ရန် တိုက်ပုံအနက်နှင့် ဘီလူးခေါင်းဆောင်းကာ ၂၀၀၈ အခြေခံဥပဒေစာအုပ်ကို ကြိုးမိန့်ပေးမီးရှို့ဖျက်ဆီးခြင်းပြုကာ ရန်ကုန်လူထုသပိတ်က အာဏာရှင်တိုက်ဖျက်ရေး ကြွေးကြော်လှုံ့ဆော်ကြသည်။

တိုက်ပုံအနက်သည် မြန်မာနိုင်ငံ၏ လက်ရှိတရားဥပဒေကို ကိုယ်စားပြု၍ ၎င်းအထက်မှာ အဓမ္မချုပ်ကိုင်ထားသော စစ်အာဏာကို ဘီလူးခေါင်း‌ဆောင်းဖြင့် ဖော်ပြခဲ့ခြင်းဖြစ်ပြီး ခြေဥကို မီးရှို့ဖျက်ဆီးချိန်တွင် ဘီလူးခေါင်းအားဆောင်းအား ချွတ်ထားခြင်းဖြင်း သပိတ်သရုပ်ဖော်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article