33.1 C
Yangon

ဂျပန်နိုင်ငံသား မှတ်တမ်း ရုပ်ရှင်ရိုက်ကူးသူ Kubota ကို အကြမ်းဖက် စစ်ကောင်စီက လ၀က ဥပဒေ ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(က) တို့ဖြင့် အမှုဖွင့် တရားစွဲ

Must read

ရန်ကုန်၊ဩဂုတ် ၄

အကြမ်းဖက်စစ်ကောင်စီက ဂျပန်နိုင်ငံသား မှတ်တမ်း ရုပ်ရှင်ရိုက်ကူးသူ Kubota ကို လ၀က ဥပဒေ ၁၃ (၁) ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(က) တို့ဖြင့် တရားစွဲလိုက်သည်ဟု အကြမ်းဖက်စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်း၊ တောင်ဒဂုံတွင် ဂျပန်နိုင်ငံသား မှတ်တမ်း ရုပ်ရှင်ရိုက်ကူးသူ Toru Kubota နှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူ ၂ ဦးကို စစ်တပ်က ဇူလိုင် လ ၃၀ ရက်နေ့တွင် အကြမ်းဖက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံသား Toru Kubota သည် ကမ္ဘာလှည့်ခရီးသည်ဗီဇာဖြင့် ဇူလိုင်လ ၁ ရက်နေ့တွင် ရန်ကုန်မြို့သို့ ဝင်ရောက်ခဲ့ပြီး ဇူလိုင်လ ၃၀ ရက်နေ့တွင် တောင်ဒဂုံ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ဖြစ်သည်ဟု အကြမ်းဖက်စစ်တပ်က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ Kubota။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article