ရန်ကုန်၊ သြဂုတ် ၁၂
ရန်ကုန် ရွှေပြည်သာမြို့နယ်တွင် ရွှေပြည်သာမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)၊ လှိုင်သာယာမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) နှင့် ရန်ကုန် အဝေးသင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) တို့ပူးပေါင်းကာ ကရင် အာဇာနည်နေ့ ၇၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယနေ့ သြဂုတ်လ ၁၂ ရက်နေ့တွင် “လူမျိုးကြီးဝါဒ တိုက်ဖျက်ကြ၊ အာဇာနည်ဟာကိုးဦးမက” စာတန်း ချိတ်ဆွဲပြီး စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။