ရန်ကုန်၊ သြဂုတ် ၁၃
ရန်ကုန် ဗဟန်းမြို့နယ်တွင် အ.ထ.က (၂) ဗဟန်း အခြေခံပညာ ကျောင်းသားများ သမဂ္ဂမှ စစ်တွေဆန်အရေးအခင်း (၅၅)နှစ်ပြည့် အထိမ်းအမှတ်’ အဖြစ် ယနေ့ သြဂုတ်လ ၁၃ ရက်နေ့တွင် “တောင်းတော့ဆီဆန် ပေးတော့ကျည်ဆံ” စာတန်းချိတ်ဆွဲပြီး အ.ထ.က (၃) သာကေတ အခြေခံပညာကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)၊ Yangon Democratic Youth Strike(YDYS) တို့နှင့်ပူးပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။