26 C
Yangon

ဒုသမ္မတဟောင်း ၊ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ တင်အောင်မြင့်ဦး၏ မရမ်းကုန်း နေအိမ်အနီးတွင် ဗုံးခွဲတိုက်ခိုက်၊ အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေမှူးရုံးကိုလည်း ဗုံးခွဲ

Must read

ရန်ကုန်၊ ဩဂုတ် ၁၇

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့၊ အမှတ် ၂ ရပ်ကွက်အတွင်း၊ အောင်သိဒ္ဓိရိပ်သာ ၃လမ်း ရှိ ဒုသမ္မတဟောင်း ၊ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ တင်အောင်မြင့်ဦး၏ မရမ်းကုန်း နေအိမ်အနီးတွင် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစု၏ အဖွဲ့ဝင်ဖြစ်သော MIU နှင့် MFFက ပြောသည်။

ဩဂုတ်လ ၁၆ ရက်နေ့ ညပိုင်း မရမ်းကုန်းမြို့နယ်တွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ည ၈ နာရီ ၂၂ မိနစ်အချိန် အမှတ် ၂ ရပ်ကွက်၊ အောင်သိဒ္ဓိရိပ်သာ ၃ လမ်းရှိ ဗိုလ်ချုပ်ဟောင်း သီဟသူရ တင်အောင်မြင့်ဦး အိမ်အနီးတွင် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဖြစ်ကြောင်း သိရှိရသည်။

“ညက အောင်သိဒ္ဓိလမ်းဘက်မှာတော့ ဗုံးကွဲသံကြားတယ်။ တင်အောင်မြင့်ဦးအိမ်က ၂ ရပ်ကွက် အောင်သိဒ္ဓိထဲမှာ ။ အရင် ဗိုလ်မှူးဟောင်းအေးချစ် နဲ့ မက်စ်က ဆောက်သွားတာ။ သူက ချစ်ရိပ်မွန်လမ်းအဆုံး အောင်သိဒ္ဓိလမ်းဘက်ကိုလည်း ပေါက်တယ်။ ချစ်ရိပ်မွန်လမ်းက အပိတ်။ အဲဒီနေရာက ဟိုးအရင်က ရေ ကန်ကြီးဗျ။ အဲဒါကို ဖို့ပြီး ဆောက်ထားတာ။ သူ တကယ် နေ၊ မနေကတော့မသိဘူး။ အဲဒီမှာတော့ ရှစ်လုံး (သီဟသူရတင်အောင်မြင့်ဦး) အိမ်ရှိတာတော့ မှန်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းနောက် ယမန်နေ့ည ၈ နာရီ ၂၅ မိနစ်အချိန်တွင် မရမ်းကုန်းမြို့နယ်၊အမှတ် ၁ ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံး ကိုလည်း ရုံး ကိုပြန်လည်ဖွင့်လှစ်လုပ် ကိုင်ရန် ပြင်ဆင်​နေသည့်အတွက် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း MIU အဖွဲ့က ဆိုသည်။

ဓာတ်ပုံ- ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် ၂ ရပ်ကွက် အောင်သိဒ္ဓိလမ်းရှိ အောင်သိဒ္ဓိရိပ်သာ မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article