28 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၁၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၁၇ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ – ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ အကြမ်းဖက် လုပ်ရပ်တွေ အဆုံးသတ်ရေးကို ဦးတည်ရမှာဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က သတင်းထုတ်ပြန်ပါတယ်။ – နေပြည်တော်မှာ စီးပွားရေးလုပ်ငန်းအချို့ထံကို ဗိုလ်နဂါးနာမည် အသုံးပြုပြီး MyTel ဖုန်းနဲ့ဆက်သွယ် ခြိမ်းခြောက်ငွေတောင်းယူမှုများ ဖြစ်ပွားနေတယ်လို့ နေပြည်တော်ဒေသခံတွေကပြောပါတယ်။ – ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဟိုင်မွာလ်(ရွာသစ်)က အသက် ၁၅ နှစ်နဲ့ အသက် ၁၇ နှစ်အရွယ်မောင်နှမကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားပြီး သတ်ဖြတ်မြေမြှုပ်အလောင်းဖျောက်ဖျက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသသတင်းရင်းမြစ်တွေက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။ -မောင်တောမြို့နယ်မြောက်ပိုင်း၊ ဝေလာတောင်ပေါ်မှာ ဩဂုတ် ၁၆ ရက်နေ့ မနက် ၈ နာရီအချိန်လောက်ကစတင်ကာ နေ့လယ်အချိန်ထိ ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article