20 C
Yangon

တောင်ဒဂုံတွင် ကြံ့ဖွတ်ပါတီဝင်၊ စစ်တပ်အမာခံ ထောက်ခံသူ တင်အောင် ပစ်ခတ်ခံရပြီး သေဆုံး၊ မန္တလေးတွင် စည်ပင်အရာရှိ ၁ ဦးပစ်သတ်ခံရ၊

Must read

(Edited Version – ပြန်လည်တည်းဖြတ်တင်ပြခြင်း)

ယနေ့ နံနက် ပစ်ခတ်ခံရသူ လင်မယားမှာ CID ရဲမှူး စိုးကိုကိုဟု UG တချို့က ဆိုပြီး ဒေသခံများက အရပ်သား ဟိုတယ်ဝန်ထမ်း ကိုစည်သူကိုကိုတို့ လင်မယား ဟုဆို

ရန်ကုန်၊ ဩဂုတ် ၂၃

ရန်ကုန်ုတိုင်း၊ တောင်ဒဂုံမြို့နယ်၊ ၁၈ (အီး) ရပ်ကွက်တွင် ယနေ့ နံနက် ၈ နာရီခွဲအချိန် ကြံ့ဖွတ်ပါတီဝင်၊ စစ်တပ် အမာခံနှင့်သတင်းပေးဖြစ်သူ တင်အောင် ပစ် ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီခွဲတွင် လက်ဖက်ရည်ဆိုင်မှ ပြန်လာသော ကြံ့ဖွတ်ပါတီဝင် တင်အောင်ကို အမည်မသိ သေနတ်သမားက သေနတ်ဖြင့် ၃ ချက်ပစ်ခတ်သဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

“မာလာလမ်း ၁၈ ရပ်ကွက် တောင်ဒဂုံ မြို့နယ်မှာ ဒီမနက် ၈ နာရီခွဲလောက်မှာ သေနတ်သံ၃ချက်ကြားလိုက်ပါတယ်။ ကြံ့ဖွတ်ပါတီဝင် ဒလန် တင်အောင်က သူ့မိန်းမနဲ့အနီးနားလမ်းကွေ့ လက်ဖက်ရည်ဆိုင်က ပြန်အလာ နေအိမ်မရောက်ခင် သေနတ်သမားက ပစ်ခတ်သွားတာပါ။ ၃ ချက်ပစ်ခံရပြီး ပွဲချင်းပြီး သေပါတယ်။ အခုတော့ ရဲနဲ့စစ်တပ် လုံခြုံရေးတွေ အပြည့်ပါပဲ ။ လမ်းလည်း ပိတ်ထားပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ မန္တလေးမြို့၊ လမ်း ၃၀ ၊ ၅၇ လမ်းဒေါင့် Grand Mandalay HOSPITAL ထိပ်တွင် လင်မယား ၂ ဦးကို ပစ်သတ်ခံထားရပြီး သွေးအိုင်ထဲတွင် လဲကျနေကြောင်း၊ သေဆုံးသူ ၂ ဦးမှာ CID ရဲမှူး စိုးကိုကိုနှင့် အမျိုးသမီးတို့ဖြစ်ကြကြောင်း မန္တလေး တော်လှန်ရေးအဖွဲ့များက ဆိုကြသည်။

သို့ရာတွင် အခြားတစ် ဖက်တွင်မူ ဒေသခံများ၏ အဆိုအရ သေဆုံးသူ ၂ ဦးမှာ ဟိုတယ်ဝန်ထမ်း ကိုစည်သူနှင့် မနှင်းဝေဝေလှိုင်တို့ဖြစ်ကြပြီး ဟိုတယ်ဝန်ထမ်းနှင့်စျေးသည်များဖြစ်ကြကြောင်း ပြောဆိုကြသည်။

ထို့ပြင်၊ ဩဂုတ်လ ၂၂ ရက်နေ့ ၊မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြိုနယ် လက် ကောင်းကျေးရွာ ရွှေစင်ကျောင်း တိုက်ရှေ့ လမ်းလယ်ကျွန်းတွင် မန္တလေးမြို့၊ စည်ပင်သာယာရေးဌာန ဦးစီးအရာရှိ အောင်ကျော်ဆန်းကို ဆိုင်ကယ် ၁ စီးဖြင့် သေနတ်သမား ၂ ဦးက ပစ်ခတ်ရာ အောင်ကျော်ဆန်း၏ ရင်ဘတ်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း မန္တလေး Grand Mandalay HOSPITAL ထိပ်တွင် CID ရဲမှူး စိုးကိုကိုနှင့် အမျိုးသမီး ပစ်သတ်ခံရပြီး သေဆုံးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article