30 C
Yangon

ယနေ့ ဖြစ်ပွားသော တန့်ဆည်နှင့်ကနီ တိုက်ပွဲများတွင် စစ်တပ်ဘက်မှ စစ် သား ၁၉ ဦးသေဆုံး ၊ KNU တပ်မဟာ ၁ နယ်မြေရှိ တိုက်ပွဲများတွင် စစ်ကောင် စီတပ်ဘက်မှ ၁၃ ဦးသေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၂၃

စစ်ကိုင်းတိုင်း၊ တန့်ဆည်နှင့် ကနီမြို့နယ်တွင် ယနေ့ ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်တပ်ဘက်မှ စစ်သား ၁၉ ဦး သေဆုံးကြောင်း သက်ဆိုင်ရာ ဒေသကာကွယ်ရေးတပ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ချောင်းဆုံ(တ)ရွာမှ ထွက်ခွာလာသော စစ်ကောင်စီတပ်ကို ယနေ့နံနက်၉နာရီခန့်တွင် PDF ပူးပေါင်းအဖွဲ့က မိုင်းဆွဲ၍ ပစ်ခတ်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်သား၄ဦးထက်မနည်း သေဆုံးကာ ၁၅ဦးခန့် ဒဏ်ရာရရှိကြောင်း သိရသည်။

ချောင်းဆုံ(တ)ရွာမှ အောင်ချမ်းသာရွာသို့ သွားသော ခမရ(၁၁၃) စစ်ကောင်စီတပ်ကို တန့်ဆည်PDF တပ်ရင်း(၆)၊တပ်ရင်း(၇)၊ တပ်ရင်း(၈)၊ တပ်ရင်း(၁၀)၊ တပ်ရင်း(၁၆)၊ TazeTiger၊ KPK၊ TSR၊ PLA၊ TCRF၊ PRLF၊ SAF၊ မြို့နယ်ပကဖနှင့် ပလဖတို့က စောင့်ကြိုတိုက်ခိုက်ရာမှ တစ်နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း တိုက်ပွဲဝင်ရဲဘော်တစ်ဦးက ပြောသည်။

“မိုင်း၇လုံးဆွဲပြီးတော့ အပြန်အလှန်ပစ်ကြတာ စခ၄ကောင် အနည်းဆုံးသေပြီး၊ ၁၅ကောင်လောက် ဒဏ်ရာရတယ်၊ နေ့လယ်မှာ အဲ့စစ်ကြောင်းကို လေယာဉ်နဲ့ ၄ခေါက်သယ်သွားပြီး ကန့်ဘလူ၊ လက်ခုပ်ပင်ဘက်ကို ချတယ်လို့ သိရတယ်”ဟု တိုက်ပွဲဝင်ရဲဘော်က ပြောသည်။

တိုက်ပွဲဖြစ်ပြီးနောက် အောင်ချမ်းသာရွာသို့ ဝင်ရောက်သွားသော စစ်ကြောင်းကို ယနေ့ မွန်းလွဲ ၂နာရီမှစတင်၍ Mi-17 ထောက်ပို့လေယာဉ်တစ်စီးဖြင့် ၄ခေါက်တိတိ သယ်ဆောင်၍ ကန့်ဘလူမြို့နယ်၊ လက်ခုပ်ပင်ရွာသို့ ချထားခဲ့ကြောင်း သိရသည်။

တန့်ဆည်မြို့နယ်တွင် အင်အား၂၀၀ပါသော မိတ္ထီလာအခြေစိုက် ခမရ(၁၁၃) စစ်ကြောင်းထိုးနေစဉ် ကာလအတွင်း တန့်ဆည်PDF ပူးပေါင်းအဖွဲ့နှင့် တိုက်ပွဲ ၈ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်‌ကောင်စီတပ်သား ၅၀ဦးထက်မနည်း သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့သည်။

အလားတူ ဩဂုတ်လ ၂၃ ရက်နေ့ နံနက် 8နာရီအချိန်ခန့် ကနီမြို့နယ် ဘုမ္မဇင်းရွာမှ ချမ်းသာစုရွာသို့ စစ်ကြောင်းထိုးလာသော အင်အား ၇၀ ခန့်ပါ စကစ စစ်ကြောင်းကို ချမ်းသာစုရွာနားအရောက်တွင် KLG PDF(ကျောက်လုံးကြီး) MPDF DEMOတပ်ခွဲ၊ ဒေသခံပကဖများနှင့်ပူးပေါင်းပြီး မိုင်း လက်နက်ကြီး လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲကြာချိန် ၂ နာရီအတွင် စစ်ကောင်စီတပ်ဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးကြောင်း၊ မျက်မြင်ပြောကြားချက်အရ သေဆုံးသွားသော စစ်သားများကို ‌‌ချင်းတွင်းမြစ်အတွင်းသို့ သဲအိတ်များနှင့် ဖိပီး မြှုပ်နေကြောင်း KLG PDF က သတင်းထုတ်ပြန်သည်။

ထို့ပြင် ဩဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် မုံရွာ-ယာကြီးလမ်း မိုင်တိုင် ၃၂ တွင် တပ်စွဲထားသော အင်အား ၁၅၀ ခန့် စစ်ကြောင်းကို KLG PDF(ကျောက်လုံးကြီး)၊ ဒေသခံ ပကဖများနှင့် မဟာမိတ်အဖွဲ့များ ပူးပေါင်းပြီး လက် နက်ကြီး လက်နက်ငယ်များနှင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များနိုင်ပြီး KLG PDF(ကျောက်လုံးကြီး)အဖွဲ့မှ ရဲဘော်နှစ်ဦး ထိခိုက်ဒါဏ်ရာ ရရှိထားကာ ရဲဘော်တစ်ဦးမှာ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိကြောင်း KLG PDFက ဆိုသည်။

မွန်ပြည်နယ်၊ KNU တပ်မဟာ ၁ နယ်မြေတွင် သြဂုတ်လ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန် ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်၊ ပျဥ်းကတိုးကုန်းကျေးနယ်အတွင်းရှိ လက်ပံပင်ရွာ အနီး နယ်မြေကျူးကျော်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၀၀ ခန့်နှင့် KNLA ပူးပေါင်းတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၁၃) ဦးသေဆုံး ပြီး (၄) ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက တရားဝင် သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- ကရင်နီပြည်နယ်တွင် မိုင်းဆွဲခံခဲ့ရသော အကြမ်းဖက် စစ်ကားတစ်စီး။ (ယခင်လများအတွင်းမှ ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article