31 C
Yangon

ကောလင်း-ကန့်ဘလူ နယ်စပ်တွင် စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီးနောက် တိုက်လေယာဉ် ၃ စင်းဖြင့် ညသန်းခေါင်ယံ အချိန် ဗုံးများကျဲချ

Must read

ရန်ကုန်၊ ဩဂုတ် ၂၃

စစ်ကိုင်းတိုင်း၊ ကန့်ဘလူ-ကောလင်း-ကျွန်းလှ မြို့နယ် အစပ် နေရာရှိ ယနေ့ ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီတပ်များ အထိနာသွားပြီးနောက် ည ၁၁ နာရီ ၂၀ မိနစ်တွင် တိုက်လေယာဉ် ၃ စင်းဖြင့် ဗုံးလာကျဲသွားကြောင်း သိရှိရသည်။

“ပထမက ကင်းထောက် drone ဝဲတယ်။ ည ၁၀ နာရီလောက်က ကန့်ဘလူကိုဖြတ်ပြီး ချပ်သင်းဘက်အထိဝဲနေတာ။ပြီးတော့မှ ဂျက်ဖိုက်တာတွေ ရောက်လာတာ။ ဂျက်လေယာဉ် ၃ စင်းနဲ့ ဗုံးကျဲတယ်။ ဒီနေ့ တိုက်ပွဲဖြစ်တဲ့ ဧရိယာထဲကို ဗုံးကျဲတာ” ဟု ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။

ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၄၀ ထက်မနည်းသေဆုံးပြီး စစ်တပ်အရာရှိ ၃ ဦး အရှင်ဖမ်းမိကြောင်း၊ လက်နက် အမြောက်အမြား၊ ကျည်ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ညအချိန် ပျံသန်းသည့် စစ်ကောင်စီတပ်၏ ဂျက်လေယာဉ်တစ်စင်း။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article