30 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ်၂၉ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ်၂၉ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -ချင်းပြည်နယ်၊ တီးတိန်မြို့နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး) ရုံး ဩဂုတ်လ ၂၇ ရက်နေ့က ဖောက်ခွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ – မကွေးတိုင်း ဂန့်ဂေါမြို့နယ် မောက်ရွာကို အကြမ်းဖက်စစ်တပ်က သြဂုတ်လ ၂၈ ရက်နေ့ မနက်ပိုင်းက မီးရှို့ဖျက် ဆီးခဲ့ပြီး ပြည်သူ ၂ ယောက်ကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ – စစ်ကိုင်းတိုင်း၊ ကန့်ဘလူ-ကောလင်း-ကျွန်းလှမြို့နယ်အစပ် အောင်ချမ်းသာကျေးရွာအနီးမှာ ဩဂုတ်လ ၂၃ ရက်နေ့က ဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်သား ၄၀ ကျော်သေဆုံးခဲ့ပြီးနောက် အောင်ချမ်းသာကျေးရွာနဲ့ ကုန်းစည်း ကျေးရွာတွေကို စစ်တပ်က ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ ဒေသ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ – ရခိုင်ပြည်နယ် မြောက်ဦးကင်းဆိပ်ကျေးရွာမှာ မနေ့ကညနေပိုင်းအချိန်လောက်က လက်နက်ကြီး ကျရောက် ခဲ့တာကြောင့် ၄ နှစ်ကလေးတစ်ဦးအပါအဝင် ၃ဦးသေဆုံးခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေ ကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article