30 C
Yangon

စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကွယ်လွန်သူ အသက် ၄ နှစ်အရွယ် မောင်မြတ်သူလင်းကို ယနေ့ သဂြိုလ်မည်၊ မိခင်မှာ စစ်တပ်၏ လက်နက် ကြီးကျည်ထိမှန်ဒဏ်ရာရရှိထားပြီး ဖခင်မှာ မလေးရှားရောက်ရှိနေ၍ မိဘနှစ်ပါးစလုံး သားဖြစ်သူ နာရေး မတက်နိုင်ကြတော့

Must read

ရန်ကုန်၊ ဩဂုတ် ၂၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ကျေးရွာတွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်မှုကြောင့် အသက် ၄ နှစ်အရွယ် မောင်မြတ်သူလင်း အပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့ရသည်။

အသက် ၄ နှစ်အရွယ် မောင်မြတ်သူလင်းသည် စစ်တပ်၏ လက်နက်ကြီးကျည်ထိမှန်၍ ဦးခေါင်းအပါအဝင် ခန္ဓ ာကိုယ်နှင့် ခြေထောက်တို့တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဆေးရုံမရောက်မီ လမ်းတွင်သေဆုံးသွားခြင်းဖြစ်သည်။

မောင်မြတ်သူလင်း၏ ဖခင်မှာ မိသားစုအတွက် မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်နေရပြီး မိခင်ဖြစ်သူမှာလည်း စစ်တပ်၏ လက်နက်ကြီးကျည်ထိမှန်၍ ဒဏ်ရာအပြင်းအထန် ရရှိထားသည်။ ယနေ့ သဂြိုလ်မည့် အသက် ၄ နှစ်အရွယ် မောင်မြတ်သူလင်း၏ နာရေးတွင် မိဘနှစ်ပါးစလုံး တက်ရောက်တော့မည်မဟုတ်ပေ။

ဖခင်ဖြစ်သူ ဦးနေသူလင်းက “ဘာဘာသားသျှေ ဘာဘာ ဇာပိုင်ဖြေးရဖိုလဲ သားကြီး ဘာဘာ အသူအပြစ်တင်ရဖိုလဲ ဘာဘာရင်ထဲမှာ သားကြီးမဟိ ဘာဘာတခုလေးမမြင်လိုက်ယာ သားကြီး ဘာဘာလေး သားကြီးကို ရှင်ပြုရဖိုလဲ သားကြီးကို အဂုက အသူကို ရှင်ပြုရဖိုလဲ သားကြီး ဘာဘာမခံစားနိုင် သားကြီး” ဟု သားအတွက် ကြေကွဲဝမ်းနည်းစွာဖြင့် လူမှုကွန်ရက်တွင် ရေးသားထားသည်။

မောင်မြတ်သူလင်း အပါအဝင် ပြည်သူ ၃ ဦးထိခိုက်သေဆုံးစေသော မြောက်ဦးမြို့ ကင်းဆိပ်ကျေးရွာသို့ကျရောက်သည့် လက်နက်ကြီးမှာ မြောက်ဦး ၃၇၇ တပ်ရင်းက ပစ်ခတ်ခဲ့သည့် လက်နက်ကြီးများဖြစ်သည်။

အကြမ်းဖက်စစ်တပ်သည် ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပြည်သူများကို ပစ်ခတ်သတ်ဖြတ်မှုများကို အရှိန်အဟုန်မြှင့်၍ ဆက်လက်လုပ်ဆောင်နေဆဲပင်ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article