32 C
Yangon

Breaking News- အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၃၀ သိန်း ၃ သောင်း အထိ စျေးတက်ပြီး ရွှေဝယ်မရတော့၊ အမေရိကန်တစ်ဒေါ်လာလျှင် ၃၅၀၀ ကျပ်နီးပါးအထိ စျေးထိုးတက်

Must read

ရန်ကုန်၊ ဩဂုတ် ၃၀

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အကယ်ဒမီ မီးလင်းရွှေ (အခေါက်ရွှေ)တစ်ကျပ်သားလျှင် ငွေကျပ် သိန်း ၃၀နှင့်၃ သောင်းကျပ်အထိ စျေးမြင့်တက်သွားပြီး ရွှေဝယ်မရတော့ကြောင်း ရန်ကုန်မီးလင်းရွှေစျေးကွက်အတွင်းမှ သိရှိရသည်။

“ရောင်းချင်ရင်တော့တစ်ကျပ်သားကို သိန်း ၃၀ နဲ့ ပြန်ကောက်ပေးတယ်။ ဝယ်ချင်ရင်တော့ သိန်း ၃၀ ၊ ၃ သောင်းကျပ်ပါ။ ပစ္စည်းမရှိပါဘူးနော်။ ရောင်းချင်ရင်လာခဲ့ပါ။ ဝယ်ချင်ရင်တော့ ပစ္စည်းမရှိပါဘူး” ဟု မီးလင်းရွှေဆိုင်သီးသန့် ရောင်းချသည့် ရန်ကုန်မြို့၏ နာမည်ကျော်ရွှေဆိုင် မန်နေဂျာက ပြောသည်။

အမေရိကန်ဒေါ်လာမှာလည်း တစ်ဒေါ်လာလျှင် ငွေကျပ် ၃၄၀၀ ကျပ်နှင့် ၃၅၀၀ အကြား စျေးပေါက်နေပြီး ထပ်မံမြင့်တက်မည်ဖြစ်ကြောင်း စျေးကွက်ကျွမ်းကျင်သူ ဒေါ်လာဝယ်ရောင်းများက ပြောသည်။

“အခုက တစ်ဒေါ်လာ ၃၄၅၀ စျေးပေါက်တယ်။ အမောင့် Amount များရင် စျေးညှိရောင်းပေးမယ်။ စျေးကတော့ အခု ဝယ်ပြီးရင် ခဏနေတက်တာပဲ” ဟု ရန်ကုန်ဒေါ်လာဝယ်ရောင်း လက်ကြီးသမားတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီက အဖမ်းအဆီးများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ထား၍ ရွှေနှင့်ငွေစျေးကွက်တွင် အချင်းချင်း ယုံကြည်မှု ဖြင့်သာ ချိတ်ဆက် ဝယ်ရောင်းလုပ်နေရကြောင်း၊ အပြင်လူ မျက်နှာစိမ်းဆိုလျှင် အရောင်းအဝယ်မလုပ်ဟု သိရှိရသည်။

ဓာတ်ပုံ-နေ့စဉ် တန်ဖိုးထိုးကျနေသည့် မြန်မာကျပ်ငွေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article