ရန်ကုန်၊ စက်တင်ဘာ ၂
မြိုင်မြို့နယ် အခြေခံပညာ အထွေထွေ သပိတ်ကော်မတီနှင့်ပြည်သူလူထုတို့ ပူးပေါင်းကာ ယနေ့ စက်တင်ဘာလ ၂ ရက်နေ့တွင် “အဖိနှိပ်ခံ လူတန်းစား အားလုံး ပြိုင်တူထကြွရုန်းထွက်ကြ” စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
“အကြမ်းဖက်စစ်အုပ်စုကို အားပေးထောက်ခံနေသူမှန်သမျှကို ပြတ်ပြတ်သားသားဆန့်ကျင်တော်လှန်ကြပါ။ရန်သူကရန်ငါပြတ်သလို ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေနဲ့ပြည်သူလူထုတစ်ရပ်လုံးကလည်း ရန်ငါစည်းပြတ်ကြဖို့အရေးကြီးပါတယ်။လူထုအားနဲ့ဖြတ်မှပြတ်မယ့်ပွဲမှာ လူထုတစ်ရပ်လုံး တာဝန်သိစိတ်အပြည့်နဲ့ ပူးပေါင်းပါဝင်ကြပါ။အကြမ်းဖက်စစ်အုပ်စု ၊ အာဏာရှင်စနစ်ဆိုးနဲ့ စစ်အုပ်စုဒေါက်တိုက်မှန်သမျှကို အမြစ်ပြတ်ချေမှုန်းပြီး စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ အတူချီတက်ကြပါစို့” ဟု သပိတ် ဦးဆောင်သူများက ဟောပြောခဲ့သည်။
Photo – BEGSC-MYAING