27 C
Yangon

ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အထွေထွေညီလာခံ ဆက်လက် အသိ အမှတ် ပြုရေးနှင့် စစ်တပ် ကိုယ်စားလှယ်ကို ငြင်းပယ်ရေး ပြည်သူများ လက်မှတ်ရေးထိုး တောင်းဆိုရန် ဖိတ်ခေါ်

Must read

ရန်ကုန်၊ စက်တင်ဘာ ၃

ပြည်သူ့အစိုးရဖြစ်သည့် အမျိုသားညီညွတ်ရေးအစိုးရ (NUG) ၏ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံ အမတ် ကြီး ဦးကျော်မိုးထွန်းကို အထွေထွေညီလာခံက ဆက်လက် အသိအမှတ်ပြုရေးနှင့် စစ်တပ်ကိုယ် စားလှယ် ငြင်းပယ်ရေး တောင်းဆိုမှုတွင် ပြည်သူများ လက်မှတ်ရေးထိုးနိုင်ကြောင်း ကမ်ပိန်းလှုံ့ ဆော်သူများက ဖိတ်ခေါ်လိုက်ကြသည်။

မြန်မာပြည်သူများအနေဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံ အချက်အလက်အထောက်အထားဆိုင် ရာ ကော်မတီသို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက် အသိအမှတ်ပြုရန်နှင့် စစ်တပ်ကိုယ် စား လှယ်ကို ငြင်းပယ်ရန် လက်မှတ်ရေးထိုး တောင်းဆိုကြမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာပြည်သူများက လက်မှတ်ရေးထိုး တောင်းဆိုသည့် လှုပ်ရှားမှုတွင် မြန်မာစစ်တပ်က အဆိုတင်သွင်းသော ကိုယ်စားလှယ်ကို အသိအမှတ်မပြုဘဲ ငြင်းပယ်ရန် ၊ ၂၀၂၂ခုနှစ် စက်တင်ဘာလတွင်ကျင်း ပ မည့် ကုလသမဂ္ဂ၏ ၇၇ က်ြမ်မြောက် အထွေထွေ ညီလာခံတွင် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရမှ ခန့်အပ်ထားသော လက်ရှိ၊ တရားဝင်ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ဆက်လက်တက်ရောက်ခွင့်ပြုရန်၊ မြန်မာပြည်သူလူထုသည် တရားမဝင် အာဏာသိမ်း စစ်ကောင်စီကို လုံးဝ ( လုံးဝ) အသိအမှတ်မပြု၊ လက်မခံကြောင်း တောင်းဆိုကြမည်ဖြစ်သည်။

တိုင်းရင်းသားနှင့် လူမျိုးပေါင်းစုံပါဝင်သော မြန်မာပြည်သားအများစုသည် ၁၉ လ တာကြာသည်အထိ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို စွန့်လွှတ်ကာ ရဲဝံ့စွာ စွန့်စားခုခံ နေကြဆဲ ဖြစ်ကြောင်း၊ မြန်မာစစ်ကောင်စီသည် အလွန်ရက်စက် ကြမ်းကြုတ်စွာဖြင့် လူသားမျိုးနွယ်ပေါ်ကျူးလွန်သော ရာဇဝတ်မှုများ၊ ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်မှုများ၊ မုဒိမ်းပြုကျင့်မှုများ၊ တရားမဝင် ဖမ်းဆီးချုပ်နှောင်မှုများ၊ ပြည်သူလူထုတရပ်လုံးကို ဖိနှိပ် ညှဉ်းပန်း နှိပ်စက်မှုများကို ကျူးလွန်သည့်ပြင် အိုးအိမ် မြို့ရွာများ၊ လူထု ၏ အလေးအမြတ်ထား ကိုးကွယ်ရာ ဘာသာရေး အဆောက်အဦများ၊ ကျောင်းများ၊ ဆေးရုံများကို ပြည်သူလူထု ထိတ်လန့်ကြောက်ရွံ့သွားစေရန်ရည်ရွယ်ချက်ဖြင့် မီးလောင်တိုက်သွင်း ဖျက်ဆီးမှုများကို ကျူးလွန်ခဲ့ကြ၊ ကျူးလွန်နေဆဲဖြစ်သည်ဟု ကမ်ပိန်းလှုပ်ရှားသူများက ဆိုကြသည်။

ကုလသမဂ္ဂ၏ လွပ်လပ်သော စုံစမ်းစစ်ဆေးရေး အဖွဲ့ (IIMM) မှ ရရှိထားသော အထောက်အထားရင်းမြစ် ၂၀၀ ကျော်မှ သတင်း အချက်အလက် အထောက်အထားပေါင်း ၃ သန်းကျော်သည် မြန်မာစစ်တပ်၏ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေများကို အလွန်အကျူး ချိုးဖောက် ကျူးလွန်ထားသော သက်သေများအဖြစ် ရှိနေကြောင်း၊ ထို့ကြောင့် ကုလသမဂ္ဂအနေဖြင့် မြန်မာစစ်ကောင်စီ၏ မည်သို့မျှတရားဝင်မှုမရှိသောကိုယ်စားလှယ်၊ အထူးသဖြင့် ပြည်သူလူထု၏အစစ်အမှန် ကိုယ်စားလှယ်ကို အစားထိုးမည့် လူတဦးအား လုံးဝ ဥဿုံ ငြင်းပယ်ရမည်ဖြစ်သည်ဟု ကမ်ပိန်းလှုပ်ရှားသူများက တောင်းဆိုထားသည်။

မြန်မာပြည်သူလူထုသည် လူထုတရပ်လုံး၏ အသံအစစ်အမှန်ကို လူထုကိုယ်စားပြု ပြောကြားပေးမည့် ဦးကျော်မိုးထွန်းကဲ့သို့ ကိုယ်စားလှယ်အစစ်အမှန်ကိုသာ အရေးတကြီး လိုအပ်နေကြောင်း၊ ကုလသမဂ္ဂအနေဖြင့် သန်း၅၀ သော မြန်မာပြည်သူလူထု၏ အသံကို လျစ်လျူမရှုဘဲ လူသားဆန်စွာဖြင့် ဦးကျော်မိုးထွန်းကိုသာ မြန်မာကိုယ်စားလှယ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခွင့်ပြုရန် အလေးအနက် ပြင်းပြသော ဆန္ဒများဖြင့် လက်မှတ် ရေးထိုး တောင်းဆိုကြမည်ဖြစ်ကြောင်း သိရှိရသည်။

လက်မှတ်ရေးထိုးသော ပြည်သူများအနေဖြင့် https://bit.ly/UKyawMoeTun ပါဝင်လက်မှတ်ရေးထိုးကြရန် ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article