29 C
Yangon

ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ပစ်ခတ်မှု စစ်သား ၄ ဦး သေဆုံး၊ စစ်ကိုင်းမြို့နယ်၊ တောင်ကြားကျေးရွာအနီး တိုက်ပွဲတွင် စစ်သား ၂ ဦးသေဆုံးပြီး လက်နက် ၂ လက်ရရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၄

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ကာဘိုးရွာထိပ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် ကို တန့်ဆည်PDF ပူးပေါင်းအဖွဲ့က စက်တင်ဘာလ ၃ရက် နံနက် ၁၁နာရီ ၂၅မိနစ်တွင် ဝင်ရောက်ပစ်ခတ်‌တိုက်ခိုက်ခဲ့ရာ စစ်သား၄ဦးသေဆုံး၍ ၆ ဦး ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

စစ်အင်အား ၁၅ ဦးခန့်ရှိသော စစ်ဆေးရေးဂိတ်ကို တန့်ဆည်PDF တပ်ရင်း(၇) တပ်ခွဲ(၃)၊ တန့်ဆည်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့(ဓူဝံ)တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ‌တန့်ဆည်PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆေးရေးဂိတ်တွင် သုံးပွင့်ဗိုလ်ကြီးတစ်ဦး ဦးဆောင်ပြီး အစစ်အဆေးကြမ်းကြောင်း၊ ခရီးသွားပြည်သူများအား အတင်းအဓမ္မ ငွေကောက်ခံ‌လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ စစ်ကိုင်းမြို့နယ် တောင်ကြားရွာအနီးတွင် ဩဂုတ်လ ၂၈ ရက်နေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ တောင်ကြားကျေးရွာအတွင်းသို့ မဝင်ရောက်မီ ရွာအနီးအနားတွင် သြဂုတ်လ ၂၈ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၂ ဦးသေဆုံးပြီးနောက် တောင်ကြားရွာအတွင်းသို့ ဝင်ရောက်ကာ ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ညအချိန် ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်တပ်သည် သြဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျေးရွာကို ထပ်မံ မီးရှို့ဖျက်ဆီးစဥ် ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိမှုများရှိကာ ကျေးရွာအတွင်းမှ ဆုတ်ခွာသွားကြောင်း သိရသည်။

” ရွာထဲ မဝင်မီ ထိတွေ့တိုက်ပွဲမှာ PDF ရဲဘော် ၁ ဦးကျတယ်။ စစ်ခွေးတွေ ဘက်က အလောင်း ၂ လောင်းနဲ့ လက်နက် ၂ လက်ရတယ်။ ရွာအဝင်မှာ မိုင်းဆွဲခံရသေးတယ်။ စစ်ခွေး ထိခိုက်မှုရှိတယ်။ အခုတော့ စစ်ခွေးတွေ တောင်ကြားမှာ မရှိတော့ဘူး။ တောင်မြို့ရွာမှာ စစ်ခွေးတွေ ရှိနေသေးတယ်။ ရွာသားတွေ တောင်မြို့ရော တောင်ကြားရွာကိုကော ပြန်မဝင်သေးဘူး။ မနေ့က မွန်းလွဲပိုင်း ရွာထဲမှာ စစ်ခွေးတွေ မီးရှို့နေချိန် ဝင်ပစ်ခံရသေးတယ်။ စစ်ခွေးတွေ ဘက်က ထိခိုက်မှု ရှိတယ်” ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article