ရန်ကု၊ စက်တင်ဘာ ၁၀
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့တွင် ၅/ခဥန(နိုင်) ပြည်သူများမှ NUG ကို အစိုးရ အဖြစ် အသိအမှတ်ပြုရေးနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ချီတက် ဆန္ဒပြပွဲကို “NUGအစိုးရ ဒို့အစိုးရ ငါတို့သံအမတ် သည် ဦးကျော်မိုးထွန်း ၅/ဟေ့ရဲရဲနီ အာဏာရှင်စနစ်အမြစ်ဖြတ်မည် အောင်နိုင်စိတ်ထား ခင်ဦးသား သမိုင်းထူမယ့် ခင်ဦးသူ” စသည့် ကြွေးကြော်သံများဖြင့် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။