ရန်ကုန်၊ စက်တင်ဘာ ၁၇
ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်းမှ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဦးကျော်မိုးထွန်း သံအမတ်နေရာ ဆက်လက်ရရှိရေးနှင့် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
သပိတ်တိုက်ပွဲမှာ လိုက်ပါလာသော ပြည်သူလူထုများမှ အလှူငွေများ၊ ရွှေနားကပ်များ ရွှေလက်စွပ်များကို တော်လှန်ရေးအတွက် ရည်စူးပြီး လှူဒါန်းခဲ့ကာ သပိတ်ကော်မတီဝင် လူငယ်များမှလည်း တော်လှန်သံချပ်များဖြင့်
ပြည်သူလူထုကို ဂုဏ်ပြုဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
Photos -AungKhantZaw