ရန်ကုန်၊ စက်တင်ဘာ ၁၈
တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၊တောင်ပျောက်တိုက်နယ်တွင် တောင်ပျောက် တိုက်နယ်သပိတ် ကော်မတီနှင့် ကျေးရွာနေ ပြည်သူများ ပူးပေါင်းကာ ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဦးကျော်မိုးထွန်းကို ကုလ သမဂ္ဂဆိုင်ရာ မြန်မာသံအမတ်အဖြစ် ဆက်ခန့်ထားရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ သပိတ်စစ်ကြောင်း လုံခြုံရေးအတွက် ဒေါင်းမင်းစစ်ဆင်ရေး (TYC-PDF)နှင့် ထားဝယ်လူငယ် လက်ရုံးတပ်က လိုက်ပါ ဝန်းရံခဲ့ကြောင်း သိရသည်။