ရန်ကုန်၊ ဖေဖော်ဝါရီ ၁
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာသစ်နားတွင် ယနေ့ နံနက် ၆ နာရီကျော်အချိန်တွင် ဗုံးပေါက်ကွဲပြီး ၄ ဦးသေဆုံးကြောင်း ဒေသခံများက ပြောသည်။
“ကားပေါ်မှာ ဗုံးပေါက်တယ်ပြောတယ်။ ဘယ်သူတွေ သေတာလဲတော့မသိသေးဘူး။ ဒီနေ့ ၁ ရက်နေ့ နံနက် ၆ နာရီလောက်။ အင်းစိန်ရွာသစ်နားမှာ ပေါက်တာ။ သေချာတော့မသိသေးဘူး” ဟု ဒေသခံတစ်ဦး ကပြောသည်။
အဆိုပါဖြစ်စဉ် ဖြစ်ပွားမှု မှန်ကန်သော်လည်း အသေးစိတ်အချက်အလက်များကို မသိရှိရသေးဟု အင်းစိန် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့ထံမှ သိရှိရသည်။