25 C
Yangon

ပူတာအိုရှိ စစ်ကောင်စီ၏ ဆွမ်ပီယာန်စခန်းနှင့် လုံရှာယာန်ကျေးရွာအတွင်းရှိ ရဲစခန်းနှင့်တပ်စခန်းများကို KIA နှင့် PDF က သိမ်းပိုက်မီးရှို့၊ စစ်သား ၁ ဦး အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ စစ်ကောင်စီ၏ ဆွမ်ပီယာန်စခန်းနှင့် လုံရှာယာန်ကျေးရွာအတွင်းရှိ ရဲစခန်းနှင့်တပ်စခန်းများကို KIA နှင့် PDF က သိမ်းပိုက်မီးရှို့လိုက်ပြီး စစ်သား ၁ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ပူတာအို PDF က သတင်းထုတ်ပြန်သည်။ပူတာအိုမြို့နယ်၊ ဆွမ်ပီယာန်ကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းကို ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ် ဝန်းကျင်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စခန်းအတွင်းမှ လက်နက်ခဲယမ်းအများအပြားနှင့်စစ်သာ(၁)ဉီး ဖမ်းစီးရမိထားကြောင်း ၊ လုံရှာယာန်ကျေးရွာအတွင်းရှိ စခန်းများလည်း နယ်မြေရှင်းရေး လုပ်ဆောင်ကာ တပ်စခန်းနှင့် ရဲစခန်းကိုလည်း မီးရှို့ရှင်းလင်းလိုက်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article