26 C
Yangon

ကလေးဝမြို့နယ်၊ မစိန်ကျေးရွာရဲကင်း စီးနင်းခံရမှုတွင် သေဆုံးသွားသော ရဲအုပ် အပါအဝင် သေဆုံးသူ ၉ ဦး ၊ဒဏ်ရာရရှိသူများ၏ အမည်စာရင်းများ ရရှိ ၊ ယာယီရဲမှူးကြီး ကြည်ဝင်းက အမိန့်ပြန် သဂြိုလ်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ မစိန်ကျေးရွာ နယ်မြေရဲကင်းကို ကလေးဝ PDF က စက်တင်ဘာလ ၁၈ ရက်နေ့ နံနက်တွင် ဝင်ရောက်တိုက်ခိုက်စဉ် စခန်းမှူး ရဲအုပ် နေလင်းမြင့် အပါအဝင် သေဆုံးသူ ၉ ဦး သေဆုံးခဲ့ကြောင်း ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။

မစိန်ရဲစခန်းစီးနင်းခံရမှုတွင် သေဆုံးသွားသူများမှာ

၁-စခန်းမှူး ရဲအုပ်နေလင်းမြင့် (ပွဲချင်းပြီး)
၂-ရဲတပ်ကြပ်ကြီး စိုးမိုးအောင်(ပွဲချင်းပြီး)
၃- ရဲတပ်ကြပ်ကြီး ဝင်းရှိန်(ပွဲချင်းပြီး)
၄- ရဲဒုတပ်ကြပ် သန့်ဇော်မျိုး (ပွဲချင်းပြီး)
၅-ရဲတပ်သား ချမ်းငြိမ်းအောင် (ပွဲချင်းပြီး)
၆-ရဲတပ်သား ဂမ်လမ်းတွောင် (ပွဲချင်းပြီး)
၇-ရဲမေ ခင်မေထွေး (ပွဲချင်းပြီး)
၈- ရဲအုပ်နေလင်းမြင့်၏ သားဖြစ်သူ ဈာန်မြင့်ထိုက် (ပွဲချင်းပြီး)
၉-ဒေါ်ညွန့်မေ (အရပ်သား-ရဲတပ်ဖွဲ့၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဆေးရုံတွင်သေဆုံး) တို့ သေဆုံးကြောင်း သိရှိရသည်။

ဒဏ်ရာရရှိသူများမှာ-

၁-ရဲတပ်သား ကျော်ဇင်သန့်(ပေါင်ကျည်ထိမှန်ဒဏ်ရာ-မစိုးရိမ်ရ)
၂-ရဲတပ်ကြပ်တင့်ဝေ၏ဇနီး မနီလာဝင်း (ဆီးခုံကျည်ဖောက်ဝင်-စိုးရိမ်ရ)
၃- ရဲတပ်ကြပ်တင့်ဝေ၏ သမီး မသဲစုဝေ (မစိုးရိမ်ရ)
၄- ရဲတပ်ကြပ်တင့်ဝေ(ဒဏ်ရာ-စိစစ်ဆဲ) ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ရဲတပ်ဖွဲ့ဝင်များ၏ အလောင်းများကို စက်တင်ဘာလ ၁၉ ရက်နေ့တွင် ကလေးခရိုင် ယာယီရဲမှူးကြီး ကြည်ဝင်းက လာရောက် အမိန့်ပြန် သဂြိုလ်သွားကြောင်း သိရှိရသည်။

People’s Defense Force – Kalewa တပ်ရင်း တပ်ဖွဲ့ဝင်များသည် စက် တင်ဘာ ၁၈ ရက် နံနက် ၆ နာရီ ၅ မိနစ်အချိန်တွင် ကလေးဝမြို့နယ်၊ မစိန်ကျေးရွာ နယ်မြေရဲစခန်းအား အလစ်အငိုက် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ရဲ ၇ ဦးသေဆုံးကာ ရဲအချို့မှာ ဒဏ်ရာများဖြင့် ထွက်ပြေးသွားကြောင်း သိရှိရသည်။

တိုက်ခိုက်မှုတွင် PDF များက G3 သေနတ် ၅ လက်၊ Uzi သေနတ် ၂ လက်၊ M79 လောင်ချာ ၁ လက်၊ လက်ပစ်မိုင်း ၃ လုံး၊ 7.62ကျည် ၂၉၇ တောင့်၊ Uzi ကျည် ၁၄၉ တောင့်၊ 125 ဆိုင်ကယ် ၄ စီး၊ဆက်သွယ်ရေးအထိုင်စက် ၂ လုံး၊ ဆက်သွယ်ရေးစကားပြောစက် ၃ လုံး၊ ဖုန်း ၁၀ လုံး၊ Power bank ၁ လုံး၊ Laptop ၁ လုံး၊ ပိုက်ဆံအိတ် ၂ လုံး၊ ပိုက်ဆံ ၁၃,၀၀၀ ကျပ်၊ လက်ထိပ် ၂ ခု၊ ရွှေဆွဲကြိုး ၁ ကုံး၊ ကျောပိုးအိတ် ၁ လုံး၊ ဘေးလွယ်အိတ် ၃ လုံး၊ ဓား ၁ ချောင်း၊ Equipment ၁ ခုတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

သေဆုံးခဲ့သော ရဲများအတွက် အကြမ်းဖက်စစ်ကောင်စီက ကျန်ရစ်မိသားစု တစ်စုလျှင် နစ်နာကြေး ၃ သောင်းပေးအပ်ထား ကြောင်း သိရှိရသည်။

ဓာတ်ပုံ-ဩဂုတ်လအတွင်း ကော့ကရိတ်တွင် သေဆုံးသွားသော ရဲတပ်ဖွဲ့များ၏ အလောင်းများကို မသာအခမ်းအနားဖြင့် အသုဘချ မြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article